Asia
ဘန်ကောက်ရှိ လိင်လုပ်သားများ နှင့် တောင်းရမ်းသူများကို ရှင်းလင်းဖယ်ရှားသွားမည်
ဘန်ကောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဘန်ကောက်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး Thaweesak Lertprapan က ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ (BMA) သည် လိင်လုပ်သားများ၊ တောင်းရမ်းသူများ နှင့် အိမ်ခြေရာမဲ့များအား ရှင်းလင်းဖယ်ရှားသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်ကပြောကြားခဲ့သည်။
Thaweesak က BMA အနေဖြင့် မြို့တော်၏ အထင်ကရနေရာများတွင် လိင်လုပ်သားများ၊ တောင်းရမ်းသူများ နှင့် အိမ်ခြေရာမဲ့များ မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ ကောင်စီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Khlong Lord တူးမြောင်းဧရိယာ သည် ညဘက်တွင် ဘန်ကောက်မြို့၏ လိင်လုပ်သားအများစု ၎င်းတို့၏ ဖောက်သည်များ နှင့် ချိတ်ဆက်ရာ နေရာတစ်ခုဖြစ်လာကြောင်း ဒုတိယအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရသိရသည်။ (Xinhua)