Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် ချုံခိုတိုက်ခိုက်မှုကြောင့် ဒုတိယမြို့တော်ဝန်နှင့် ကိုယ်ရံတော် သေဆုံး

မှုခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း La Union ပြည်နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ဒုတိယမြို့တော်ဝန် စီးနင်းလာသော ကားကို အမည်မသိသေနတ်သမားများက သေနတ်ဖြင့် တရစပ်ပစ်ခတ်မှုကြောင့် ၎င်းနှင့် ၎င်း၏ ကိုယ်ရံတော်တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့၏ အဆိုအရ Balaoan မြို့ ဒုတိယမြို့တော်ဝန် အဲလ်ဖတ် ကွန်ဆပ်ရှင် (Alfred Concepcion) သည် သေနတ်ဒဏ်ရာများစွာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ သို့သော်လည်း ကားအတွင်း၌ ရှိနေသော ၎င်း၏ သမီးဖြစ်သူ လက်ရှိ မြို့တော်ဝန် အဲလယ်လီ ကွန်ဆပ်ရှင် (Alelo Concepcion) မှာမူ ချုံခိုတိုက်ခိုက်မှုအတွင်း အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအနက် တစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့အဆိုအရ သိရသည်။

အဆိုပါ ချုံခိုတိုက်ခိုက်မှုသည် မြို့တော်ဝန် သားအဖ မြို့တော်ခန်းမသို့ သွားရောက်စဉ် ဒေသစံတော်ချိန် နံနက် ၈း၂၀ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြားခဲ့သည်။

ကွန်ဆပ်ရှင် သားအဖသည် ၂၀၁၉ ခုနှစ် နှစ်ဝက်ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေသူများ ဖြစ်သည်။

အဲလ်ဖတ် ကွန်ဆပ်ရှင်သည် La Union ပြည်နယ်တွင် နောက်ဆုံးအသတ်ခံရသည့် ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်် နိုင်ငံရေးသမားများ အသတ်ခံရသည့် အရေအတွက်များလာသည်။ သေဆုံးသူအများအပြားမှာ ဒေသဆိုင်ရာအဆင့်တွင် ပြန်လည်ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းနေသူများဖြစ်ကြောင်း သိရသည်။

တရားဝင် မဲဆွယ်စည်းရုံးခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.