Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေစီ၌ ငလျင် နှင့် မြေပြိုမှုများကြောင့် လူ ၇ ဦးသေဆုံးပြီး ၈ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ


ဂျကာတာ ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဆူလာဝေစီပြည်နယ် မာမာစာ(Mamasa) ခရိုင်၌ ငလျင်လှုပ်ခတ်မှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး အခြားလူ ၈,ဝဝဝ ကျော်မှာ ယာယီခိုလှုံရေးစခန်းများတွင် သွားရောက် နေထိုင်နေရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ၇ ဦးမှာ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း သေဆုံးခဲ့ရသူများဖြစ်ကြောင်း ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံး ပြည်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ဌာနအကြီးအကဲ Pasamboan Pangloli က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေစီ၌ မြေပြိုမှုဖြစ်ပွားပြီးနောက် လမ်းမီးတိုင်များ ပျက်စီးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မြေပြိုမှုကြောင့် အနည်းဆုံး လူနေအိမ် ၈ လုံး မြေသားများဖုံးလွှမ်းသွားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ထို့ပြင် လူပေါင်း ၈,ဝဝဝ ကျော်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ယာယီခိုလှုံရေးစခန်းများတွင် သွားရောက်နေထိုင်နေရကြောင်း နှင့် ပြီးခဲ့သော ရက်အနည်းငယ်က ခရိုင်အတွင်း၌ ပြင်းအား ၅.၁ မှ ၅.၅ ထိ အလယ်အလတ်အဆင့်ရှိသော ငလျင်များလည်း ကြိမ်ဖန်များစွာ လှုပ်ခတ်ခဲ့ကြောင်း Pangloli က ဆိုသည်။အနောက်ဆူလာဝေစီပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အလယ်ဆူလာဝေစီပြည်နယ်၌ ပြီးခဲ့သော စက်တင်ဘာလတွင် အင်းအားပြင်းငလျင်များ အစဉ်လိုက်လှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းတစ်ခုဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူပေါင်း ၂,ဝဝဝ ကျော်သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)