Asia
မန်ကွတ် မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦး အထိရှိ

မနီလာ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)
မန်ကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦးရှိပြီး ၅၂ ဦး ပျောက်ဆုံးနေ ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ သတင်းများအရသိရသည်။
လယ်ယာလုပ်ငန်း ဆုံးရှုံးမှုတန်ဖိုး ပီဆို ၁၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅၉ သန်း )ရှိကြောင်း ၊အဆိုပါမုန်တိုင်းမှာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စူပါတိုင်ဖုန်းမုန်တိုင်း ဟိုင်ယန်(Haiyan)ပြီးနောက် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လူပေါင်း ၂ သိန်းနီးပါးခန့်က နေရာအနှံ့အပြားရှိ ဘေးအန္တရာယ်ခိုလှုံရေးစခန်း ၁၉၀၀ ခန့်တွင် နေထိုင်နေရကြောင်း ၊ ဖိလစ်ပိုင် မြောက်ပိုင်းရှိ ပြည်နယ်နှင့်မြို့ ၇ ခု ကို အရေးပေါ်ဘေးအန္တရာယ်အခြေအနေအဖြစ် ကြေညာထားကြောင်း သိရသည်။
(Xinhua)