Connect with us

Asia

ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၆၉ ဦးရှိရာ ဘန်ကောက်မှာ ရောဂါအဖြစ်များသည့်နေရာတစ်ခု ဖြစ်နေ

ဘန်ကောက်ရှိ ရေ၀ပ်နေသည့် ယာဉ်သွားလမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူသည် စက်တင်ဘာလ လဆန်းပိုင်းအထိ ဆိုလျှင် ၅ သောင်းကျော်ရှိပြီး ၎င်းတို့အနက် ၆၉ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်မြို့ ကျန်းမာရေး ဦးစီးဌာန၏အသစ်ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။ မြို့တော်ဘန်ကောက်တွင် အခြေအနေဆိုးဝါးလျက်ရှိရာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၉၀၀ ခန့် တွေ့ရှိရပြီး ၎င်း တို့အနက် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်သည် ထိုင်းနိုင်ငံ၏မိုးရာသီကာလဖြစ်ကြောင်း ၊ဘန်ကောက်တွင် ယခုရက်ပိုင်းများ၌ နေ့စဉ်ရက်ဆက် မိုးရွာသွန်းခြင်းကြောင့် ရေဝပ်ရေအိုင်များဖြစ်နေရာ ခြင်ကြား အလွယ်တကူ ပေါက်ဖွားနိုင်သောကြောင့် နေရာအမြောက်အမြားတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိ ကြောင်း ၊ယခုအခါ ကျန်းမာရေးဌာနက ရောဂါဖြစ်ပွားရာနေရာများကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ခြင်နိုင်ဆေးဖြန်းခြင်း ၊ရောဂါဖြစ်ပွားသူများရှိသည့် ရုံး၊ကျောင်း၊နေအိမ်များ၏ သန့်ရှင်းရေး အခြေအနေကို အချိန်မှန်စစ်ဆေးလျက်ရှိကြောင်း ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuangက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလ ၉ ရက်အထိဆိုလျှင် ထိုင်းတစ်နိုင်ငံလုံး ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၂,၆၇၀ ရှိပြီး သေဆုံးသူ ၆၉ ဦး ရှိရာ ဘန်ကောက်တွင် ရောဂါဖြစ်ပွားသူ ၅၈၉၉ ဦး ကို တွေ့ရှိရကြောင်း ဘန်ကောက် ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါဖြစ်ရာ ရောဂါဖြစ်ပွားရာတွင် ကိုယ်ပူခြင်း၊ခေါင်းကိုက်ခြင်းနှင့်အရိုးအဆစ်ကိုက်ခဲခြင်းစသည် လက္ခဏာများရှိသည်။ သွေးလွန် တုပ်ကွေးရောဂါတွင် သာမန်သွေးလွန်တုပ်ကွေးရောဂါနှင့် အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever)ဟူ၍ နှစ်မျိုးရှိရာ အပြင်းစားသွေးလွန်တုပ်ကွေးရောဂါမှာ သေဆုံး နိုင်ခြေများကြောင်း သိရသည်။ လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကို အထူးထိရောက်စွာ ကုသ နိုင်သည့် ဆေးဝါးမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.