Connect with us

Asia

မလေးရှားနိုင်ငံ၌စစ်ဖက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား အများအပြားဒဏ်ရာရ

မလေးရှားနိုင်ငံ ဆာဗားပြည်နယ်၌ ပျက်ကျသွားသော စစ်ဖက်ရဟတ်ယာဉ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာဗားပြည်နယ်ရှိ Tawau မြို့၌ အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်သား ၁၄ ဦးလိုက်ပါစီးနင်းလာသည့် Sikorsky S-61 “Nuri” စစ်ဖက်ရဟတ်ယာဉ်တစ်စင်းသည် စာသင်ကျောင်းခေါင်မိုးတစ်ခုပေါ်သို့ပျက်ကျသွားကြောင်း မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။

ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူများအနက် ရဟတ်ယာဉ်မှူးတစ်ဦးသာ ဒဏ်ရာအနည်းငယ်ရရှိသွားသည်။ သို့သော် SMK Balung စာသင်ကျောင်းထဲရှိ ကျောင်းသား ၇ ဦး နှင့် မြို့ခံတစ်ဦးမှာ ဒဏ်ရာရသွားကြောင်း သိရသည်။ ဒဏ်ရာရသူအားလုံးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးကုသပေးထားကြောင်း Tawau လက်ထောက်ရဲမှူးချုပ် Fadil Marcus ကပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် Tawau လေဆိပ်မှ Semporna သို့ဦးတည် ထွက်ခွာလာစဉ် ရဟတ်ယာဉ်မှူးမှာ ရဟတ်ယာဉ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ပျက်ကျသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.