Connect with us

Asia

ဟစ်တလာနှင့်ခိုင်းနှိုင်းခဲ့သော အသုံးအနှုန်းအတွက် ဒူတာတေး တောင်းပန်

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအားတွေ့ ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

ဂျူးလူမျိုးသန်းပေါင်းများစွာအား အဒေါ့ဟစ်တလာက သုတ်သင်သတ်ဖြတ်ခဲ့သည့် နည်းတူ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မူးယစ်ဆေးစွဲနေသူများအား သုတ်သင်သတ်ဖြတ်ခဲ့သည်ကို ပျော်ရွှင်ကျေနပ်မိကြောင်း မှတ်ချက်စကားပြောကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၎င်း၏ မှတ်ချက်စကားအတွက် ဂျူးအသိုင်းအဝိုင်းအား အောက်တိုဘာလ ၂ ရက်က ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Bacolod မြို့၌ ကျင်းပသော ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ဟစ်တလာ၏ လူမျိုးပြုန်း သတ်ဖြတ်ခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ကို ပြန်ပြောင်းအောက်မေ့ရန် မိမိအနေဖြင့် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်းမရှိကြောင်း သမ္မတ ဒူတာတေးက တောင်းပန်စကား ဆိုလိုက်သည်။

“ ကျွန်တော် ဒီနေရာကနေ အရိုးရှင်းဆုံးပြောချင်ပါတယ်။ ဂျူးလူမျိုး ၆ သန်းကျော်အသတ်ခံခဲ့ရတဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်မျိုးကိုလက်ခံဖို့ ကျွန်တော့်ဖက်က ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး” ဟု ဒူတာတေးက ဆိုသည်။

“ ဂျူးလူမျိုးစု အသိုင်းအဝိုင်းကို လေးလေးနက်နက်တောင်းပန်ပါတယ်။ ကျွန်တော်ဘယ်တုန်းကမှ အဲဒီလိုမျိုး မရည်ရွယ်ခဲ့ပါဘူး” ဟု ဆိုသည်။ အဆိုပါ သမ္မတဒူတာတေး၏ ဟစ်တလာ နှင့် ဂျူး လူမျိုးများအကြောင်း အပေါ် မှတ်ချက်ပြု ပြောကြားချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းအထိ အထူးပြန့်နှံ့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.