Asia
မြောက်ကိုရီးယားနိုင်ငံက များစွာသော အမြောက်ကြီးများဖြင့် ပစ်ခတ်လေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်
ဆိုးလ် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံသည် ၈၅ နှစ်မြောက် မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း နှစ်ပတ်လည်နေ့တွင် အမြောက်ကြီးများ မြောက်များစွာဖြင့် လေ့ကျင့်ပစ်ခတ်မှုကို အကြီးအကျယ်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap သတင်းဌာနက ယနေ့( ဧပြီလ ၂၅ ရက်)တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတမ်းမြို့တစ်ခုဖြစ်သော Wonsan မြို့၌ ပြုလုပ်သော ပစ်ခတ်လေ့ကျင့်မှုတွင် အပေါ့စားအမြောက်များ နှင့် အကြီးစားအမြောက်ကြီးများကို အသုံးပြု၍ မြေပြင်၌ ပစ်ခတ် လေ့ကျင့်မှုများကို အကြီးအကျယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သော တောင်ကိုရီးယားအစိုးရသတင်းအရင်းအမြစ်များကို ကိုးကား၍ Yonhap သတင်းဌာနက သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။(Xinhua)