Connect with us

Asia

ပါကစ္စတန် အနောက်မြောက်တွင် ခရီးသည်တင် ဗင်ကား မြေမြှုပ်မိုင်းပေါ် ဖြတ်မိ၍ လူ ၁၀ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါဒေသတွင် ၂၀၁၂ ခုနှစ်က ကားဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ ရောက်ရှိလာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kurram Agency ပိုင်နယ်မြေတွင် ခရီးသည်တင် ဗင်ကား တစ်စီးသည် မြေမြှုပ်မိုင်းအား ဖြတ်မိကာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းတင်ပြထားသည်။

သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူများအနက် Kurram Agency အတွင်း လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရန်သွားသည့် ဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဗင်ကားမှာ ပါကစ္စတန်-အာဖဂန် နယ်စပ် တစ်လျှောက်ရှိ တစ်ဝက်တစ်ပျက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Kurram Agency ရှိ Gudar နယ်မြေ လမ်းဘေးတွင် ထောင်ထားသော မိုင်းအား ဖြတ်ကာ မောင်းနှင်မိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့သလို ဒဏ်ရာ ပြင်းထန်သူများအား Khyber Pakhtunkhwa ပြည်နယ်၊ ပက်ရှ်ဝါမြို့တော်ရှိ ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် စစ်တပ်အာဘော်ဖြစ်သော ပြည်သူ့ဆက်ဆံ ပြန်ကြားရေးက ထုတ်သည့် ကြေညာချက်တွင် ဒဏ်ရာရသူများအား ပက်ရှ်ဝါရှိ စစ်ဆေးရုံသို့ MI-17 ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ယင်းဒေသအား လုံခြုံရေးစည်းများဖြင့် ပိတ်ထားကြောင်း၊ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.