Asia
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် ဗီယက်နမ်နိုင်ငံသို့ မကြာမီလာရောက်ရန်ရှိ

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) သည် မကြာမီ ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
ကိုရီးယားအလုပ်သမားများပါတီ (Workers’ Party of Korea) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ကင်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ငုယင်ဖုထရုန် (Nguyen Phu Trong) ၏ ဖိတ်ကြားချက်ဖြင့် ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)