Connect with us

Asia

မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားခေါင်းဆောင် ဟနွိုင်းမြို့သို့ စတင်ထွက်ခွာ

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့ စင်ကာပူနိုင်ငံတွင် ၂၀၁၈ခုနှစ် ဇွန် ၁၂ ရက် က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း သည် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့သို့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လည်ပိုင်းတွင် ရထားဖြင့် ထွက်ခွာလာခဲ့ကြောင်း နိုင်ငံပိုင်း Korean Central News Agency (KCNA) က ဖေဖော်ဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။

ကင်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား ဖေဖော်ဝါရီ ၂၇ ရက် နှင့် ၂၈ ရက်တွင် ဟနွိုင်းမြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့၏ ပထမဆုံးတွေ့ဆုံမှုကို စင်ကာပူနိုင်ငံ ၌ ၂၀၁၈ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၌ ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ကင် နှင့်အတူ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ (WPK) ၏ ဒုတိယ ဥက္ကဋ္ဌများဖြစ်သော Kim Yong Chol၊ Ri Su Yong၊ Kim Phyong Hae နှင့် O Su Yong၊ WPK ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho၊ WPK ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အလှည့်ကျအဖွဲ့ဝင် နှင့် ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီး No Kwang Chol နှင့် အခြားအရာရှိကြီးများ လိုက်ပါလာကြကြောင်း KCNA ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.