Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခု အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပြော

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခုအား ဇူလိုင်လ ၂၅ ရက်နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကျည်ဖူးများအား မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ကမ်းရိုးတန်း ဝန်ဆန်မြို့အနီးမှ ဒေသစံတော်ချိန် နံနက် ၅း၃၄ နာရီနှင့် ၅း၅၇ နာရီအချိန်၌ အသီးသီးပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း JCS က ကြေညာချက်တွင် ပြောကြားထားသည်။

ထိုကျည်ဖူးများမှာ ရွေ့လျားလောင်ချာများမှပစ်လွှတ်ခဲ့ဖွယ်ရှိပြီး ပင်လယ်ပြင်အထက် ၅၀ ကီလိုမီတာခန့်အထိ ရောက်ရှိသွားဖွယ်ရှိကြောင်း JCS တာဝန်ရှိသူ၏ ပြောကြားချက်အရ ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာအာဏာပိုင်များက ယင်းကျည်ဖူးများအား အမျိုးအမည်သိရှိရန် လေ့လာဆန်းစစ်လျက်ရှိကြောင်း JCS က ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အဆိုပါကျည်ဖူးများပစ်ခတ်မှုမှာ မေလတွင် ကျည်ဖူး ၂ ကြိမ်ပစ်ခတ်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ထိုနောက်ဆုံးနှစ်ကြိမ်ပစ်ခတ်မှုမှာ မေလ ၉ ရက်ကဖြစ်ပြီး ၄၂၀ ကီလိုမီတာနှင့် ၂၇၀ ကီလိုမီတာခန့်အထိ အသီးသီးရောက်ရှိသွားခဲ့ကြောင်း သိရသည်။ (Xinhua)