Asia
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနှင့် စက်တင်ဘာလကုန်ပိုင်းတွင် တွေ့ဆုံနိုင်ရန် တရားဝင်အဆိုပြု

ပြုံယမ်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနှင့် စက်တင်ဘာလကုန်ပိုင်းတွင် တွေ့ဆုံရန် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အဆိုပြုခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
“ကျွန်မတို့ဘက်က အမေရိကန်ဘက်နဲ့ ဘက်စုံဆွေးနွေးမှုတွေအတွက် ဆန္ဒရှိပါတယ်” ဟု Choe က ပြောကြားထားသည့် ကြေညာချက်အား ကိုးကား၍ Korean Central News Agency က စက်တင်ဘာလ ၉ ရက်ညပိုင်းတွင် သတင်းဖော်ပြထားသည်။
Choe က ၎င်းအနေဖြင့် အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ အလုပ်သဘော ဆွေးနွေးညှိနှိုင်းမှုအတွက် အသင့်ရှိသည်ဟူသော ဆွေးနွေးညှိနှိုင်းမှုများအား ဦးတည်ကာ အမေရိကန် အဆင့်မြင့် အရာရှိများ၏ မကြာသေးမီကမှတ်ချက်များအား သတိပြုမိခဲ့ကြောင်း ရည်ညွှန်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို အရှိန်မြှင့်တင်ခြင်းနှင့် မြောက်ကိုရီးယားက လက်ခံနိုင်သော နည်းလမ်းအပေါ် အခြေခံထားသည့် အဆိုပြုချက်တစ်ခု ထွက်ရှိလာမည်ဟု မျှော်လင့်ကြောင်း Choe က အလေးထားပြောခဲ့သည်။ (Xinhua)