Connect with us

Asia

နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oli နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် နီပေါနိုင်ငံ ၀န်ကြီးချုပ် KP Sharma Oli တွေ့ဆုံစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oliသည် စက်တင်ဘာ ၉ ရက်က ခတ္တမန္ဒူမြို့ရှိ ဝန်ကြီးချုပ်ရုံး တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးချုပ် KP Sharma Oliက နီပေါနိုင်ငံပြည်သူများသည် တရုတ်နိုင်ငံအပေါ် နက်ရှိုင်းသည့် ချစ်ကြည်ရေးရှိပြီး နှစ်နိုင်ငံအကြား ကာလကြာရှည် ရင်းနှီးချစ်ကြည်သည့် ပူပေါင်းဆောင်ရွက်မှုရှိရာ အနာဂတ်ကံကြမ္မာဆက်သွယ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ဆုတောင်းဂုဏ်ပြုပါကြောင်း ၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အောင်မြင်မှုရလဒ်ကြီးများ ရရှိခဲ့သည်အတွက် အားကျလေးစားမိကြောင်း ၊ ရှေ့ဆက်လျှောက်လမ်းရမည့် လမ်းစဉ်တွင်လည်း ပိုမို အောင်မြင်မှုများ ရရှိပါစေကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံကြောင်း ၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနှောင့်ယှက်ရန် ကြိုးစားသည့် အစီအစဉ်ကိုလည်း ဆန့်ကျင်ကန့်ကွက် ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ ကူညီထောက်ပံ့မှု များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကို အတူတည်ဆောက်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးနက်ရှိုင်းစွာ ဆောင်ရွက်သွားကာ နီပေါ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးအပြုသဘောဆောင်ရလဒ်များကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဝန်ကြီးချုပ် KP Sharma Oliက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း တရုတ်-နီပေါ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ကြောင်း ၊ အတူလက်တွဲကြိုးပမ်းမှုကြောင့် တရုတ်-နီပေါ ဆက်ဆံရေးသည် နိုင်ငံနှင့်နိုင်ငံအကြား တရားမျှတမှု ၊အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၏ စံနမူနာ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာထောက်ခံ့သည့်အတွက် ကျေနပ်အားရမိ ကြောင်း တရုတ်နိုင်ငံအနေဖြင့်လည်း နီပေါနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးရေးလမ်းစဉ်ကို လျှောက်လှမ်းမှုများအား ခိုင်မာစွာ ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ဟိမဝန္တာဖြတ်ကျော်ဘက်ပေါင်းစုံဆက်သွယ်ရေး ကွန်ရက် တည်ဆောက် ရန် သဘောတူညီချက်ကို နှစ်ဖက်အတူ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားကာ ရပ်ဝန်း နှင့်ပိုးလမ်းမ တည်ဆောက်ရေးကို အတူပူးပေါင်း တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်း၊ ဆိပ်ကမ်း၊ စွမ်းအင်နှင့် လူမှုကဏ္ဍ ဘက်ပေါင်းစုံ ဆက်သွယ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံ၏ ဖွံ့ဖြိုးရေးတည်ဆောက်မှုလုပ်ငန်းများကို ကူညီထောက်ပံ့ဆောင်ရွက်သွားလိုကြောင်း၊တရုတ်လုပ်ငန်းရှင်များ နီပေါနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ကြရန် အားပေးသွားမည် ဖြစ်ကြောင်း ၊ လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးမှုတွင် အခွင့်အလမ်းသစ်များနှင့် တွေ့ကြုံနေပြီဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့်အတူ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး အနာဂတ်သစ်ကို ဖွင့်လှစ်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.