Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနှင့် စက်တင်ဘာလကုန်ပိုင်းတွင် တွေ့ဆုံနိုင်ရန် တရားဝင်အဆိုပြု

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံကျေးရွာတွင် ဇွန်လ ၃၀ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပြုံယမ်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနှင့် စက်တင်ဘာလကုန်ပိုင်းတွင် တွေ့ဆုံရန် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အဆိုပြုခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

“ကျွန်မတို့ဘက်က အမေရိကန်ဘက်နဲ့ ဘက်စုံဆွေးနွေးမှုတွေအတွက် ဆန္ဒရှိပါတယ်” ဟု Choe က ပြောကြားထားသည့် ကြေညာချက်အား ကိုးကား၍ Korean Central News Agency က စက်တင်ဘာလ ၉ ရက်ညပိုင်းတွင် သတင်းဖော်ပြထားသည်။

Choe က ၎င်းအနေဖြင့် အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ အလုပ်သဘော ဆွေးနွေးညှိနှိုင်းမှုအတွက် အသင့်ရှိသည်ဟူသော ဆွေးနွေးညှိနှိုင်းမှုများအား ဦးတည်ကာ အမေရိကန် အဆင့်မြင့် အရာရှိများ၏ မကြာသေးမီကမှတ်ချက်များအား သတိပြုမိခဲ့ကြောင်း ရည်ညွှန်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို အရှိန်မြှင့်တင်ခြင်းနှင့် မြောက်ကိုရီးယားက လက်ခံနိုင်သော နည်းလမ်းအပေါ် အခြေခံထားသည့် အဆိုပြုချက်တစ်ခု ထွက်ရှိလာမည်ဟု မျှော်လင့်ကြောင်း Choe က အလေးထားပြောခဲ့သည်။ (Xinhua)