Connect with us

Asia

ရေကြီးမှုများနှင့် ပတ်သက်၍ ထိုင်းဘုရင် ထံ တရုတ်သမ္မတရှီ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရေကြီးမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သော ရေလွှမ်းမိုးမှုများ နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဇန်နဝါရီ ၁၃ရက်တွင် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း ထံပေးပို့ခဲ့ပြီး လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးသွားရန်လည်း ကတိပြုခဲ့ကြောင်း သိရသည်။

သဝဏ်လွှာ၌ ရှီက သဘာဝဘေးအန္တရာယ်ဆိုးကြီး နှင့် ၎င်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အသက်အိုးအိမ်များ အကြောင်း ကြားသိရ၍ စိတ်မကောင်းဖြစ်ရပါကြောင်း ပြောကြားထားသည်။

၎င်းက တရုတ်အစိုးရ နှင့် တရုတ်နိုင်ငံသားများကိုယ်စား ရေဘေးသင့်ဒေသများရှိ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအပါအဝင် ရေဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ရှီက တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် ရင်းနှီးချစ်ခင်သည့် အိမ်နီးချင်းကောင်းများဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ ရေဘေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင် နှင့် ထိုင်းအစိုးရတို့၏ ဦးဆောင်မှုဖြင့် မကြာမီ ထိုင်းပြည်သူများသည် ရေဘေးဒဏ်ကို ကျော်လွှားနိုင်ပြီး နေအိမ်များပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ရှီက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ၃၇ဦးသေဆုံးပြီး လူပေါင်း၂၆၀,၀၀၀ ရေဘေးသင့်ဒဏ်ကိုခံစားခဲ့ရကြောင်း သိရသည်။ ဘန်ကောက်မြို့ရှိ တရုတ်နိုင်ငံ သံရုံး နှင့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းတို့က ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.