Connect with us

Asia

လကမ္ဘာမှ ၂ ဒသမ ၁ ကီလိုမီတာအကွာတွင် လပေါ်ဆင်းသက်ယာဉ်နှင့် အိန္ဒိယနိုင်ငံရှိ မြေပြင်စခန်း အဆက်အသွယ်ပြတ်တောက်သွားဟုဆို

အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ်မြောက် လကမ္ဘာခရီးစဉ် ချန်ဒရာယန်း-၂ အား ဇွန်လ ၁၂ ရက်က ပြသထားစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် လကမ္ဘာခရီးစဉ် ချန်ဒရာယန်း-၂ (Chandrayaan-2) ၏ လပေါ်ဆင်းသက်ယာဉ် ဗီခရန် (Vikram) သည် လမျက်နှာပြင်မှအထက် ၂ ဒသမ ၁ ကီလိုမီတာအကွာတွင် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အာကာသသုတေသန အဖွဲ့ (ISRO) အကြီးအကဲ ကေ. စီဗန် (K. Sivan) က စက်တင်ဘာလ ၇ ရက်တွင် ပြောကြားလိုက်သည်။

လပေါ်ဆင်းသက်ယာဉ် ဗီခရန်သည် အိန္ဒိယစံတော်ချိန် နံနက် ၀၁ း ၅၅ နာရီခန့်တွင် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် လျာထားခြင်း ဖြစ်သည်။

သို့သော် အချိန်များစွာ ကြာသည့်တိုင်အောင် လပေါ်သွားယာဉ် “ပရက်ယန်” ထံမှ မည်သည့်အချက်အလက်မျှ မရရှိခဲ့ကြောင်း၊ ISRO ထိန်းချုပ်စင်တာအတွင်း၌ လေထုအခြေအနေမှာ မှောင်မည်းသွားခဲ့ကြောင်း သိရသည်။

ISRO အကြီးအကဲက လပေါ်ဆင်းသက်ခြင်းလုပ်ငန်းစဉ်အား စောင့်ကြည့်နေသည့် ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) အား လပေါ်ဆင်းသက်ယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်ကြောင်းဖြစ်စဉ် အကျဉ်းချုပ်အား အလျင်အမြန်ရှင်းပြခဲ့ကြောင်း သိရသည်။

ထို့နောက် မိုဒီက အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ သိပ္ပံပညာရှင်များအတွက် ဂုဏ်ယူကြောင်း၊ နိုင်ငံအနေဖြင့် အာကာသ အစီအစဉ်အား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.