Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ပါဆယ်ထုပ် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦးထက်မနည်း ဒဏ်ရာရ

ပါဆယ်ထုပ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက ပါဆယ်ထုပ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာ ဒေသခံလူငယ် ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီအရ သိရသည်။

ဟုန်မိုင်ခရိုင်တွင် လူသွားလမ်းနံဘေးတစ်ခုပေါ်၌ လူငယ်တစ်ဦးက လက်ဆောင်ထုပ်ပုံစံ ပါဆယ်ထုပ်အား ဖွင့်ဖောက်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ၏ ပြောကြားချက်အား ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုမှထွက်လာသည့် ချွန်ထက်သော ပစ္စည်းအပိုင်းအစငယ်များ ထိခိုက်မိသဖြင့် အဆိုပါ လူငယ်၏ လက်မောင်း သွေးထွက်သွားသလို အနီးရှိ လူငယ်တစ်ဦး၏ လည်ပင်းကိုလည်း ထိခိုက်သွားခဲ့ကြောင်း မျက်မြင်သက်သေများ အဆိုအရ သိရသည်။

ယင်းဖြစ်ရပ်ဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117