Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တွင် လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လူခုနှစ်ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ အီဆူလန်မြို့တွင် ၂၀၁၉ ခုနှစ်၊ဧပြီလ ကဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမှုတစ်ခု၌ ထိခိုက်ဒဏ်ရာရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာလ ၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလ်တန် ကူဒါရတ် ပြည်နယ်တွင် စက်တင်ဘာလ ၇ ရက်နံနက်ကလက် လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံးလူခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့က ပြည်နယ်မြို့တော၊်အီဆူလန်မြို့အတွင်းအဝေးပြေးလမ်းတစ်လျှောက်ရှိ ဈေးတစ်ခုအရှေ့ တွင ်နံနက် ၇ နာရီ က မော်တော်ဆိုင်ကယ်များ ရပ်နားရာနေရာတွင် အဆိုပါဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ် ကြောင်းလည်းပြောခဲ့သည်။ အစိုးရလုံခြုံရေးတပ်ဖွဲ့များက ဗုံးပေါက်ကွဲရာနေရာသို့ အမြန်သွားရောက် ခဲ့ကြပြီးအသေးစိတ်ကိုမူပြောကြားခြင်းမရှိသေးပေ။ဗုံးပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက် ရှိပြီး မည်သည့်အဖွဲ့ကမှ ၎င်းတို့၏လက်ချက်ဟုပြောကြားခြင်းမရှိကြသေးပေ။

၂၀၁၉ ခုနှစ်ကလည်း အီဆူလန်မြို့အတွင်းဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ရာ လူငါးဦးသေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။(Xinhua)