Asia
လာအိုနိုင်ငံ က ကမ္ဘောဒီးယားသို့ လျှပ်စစ်ဓါတ်အားများတင်ပို့

ဗီယင်တိန်း၊နိုဝင်ဘာလ ၁၁ ရက်(ဆင်ဟွာ)
လာအိုနိုင်ငံပိုင် Electricite du Laos(EDL) ကုမ္ပဏီက ကမ္ဘောဒီးယားနိုင်ငံသို့လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးရန်အတွက် နှစ်နိုင်ငံနယ်စပ်တွင်ဓါတ်အားဖြန့်ဖြူးရေးလိုင်းများကို ဆောင်ရွက်မှုက ၈၀ ရာခိုင် နှုှုန်းကျော်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
လာအိုဝန်ကြီးချုပ် သုန်လွန် ဆီဆိုလစ်(Thongloun Sisoulith) က ကမ္ဘောဒီးယားသို့ စက်တင်ဘာလ အတွင်းကအလုပ်သဘောလာရောက်လည်ပတ်ခဲ့စဉ်လာအိုမှလျှပ်စစ်ဓါတ်အားများဝယ်ယူရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့်သဘောတူညီချက်ရခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံကနှစ် ၃၀ ကာလအတွင်း လာအိုနိုင်ငံမှလျှပ်စစ်ဓါတ်အား ၂,၄၀၀ မဂ္ဂါဝပ်ကိုအဆင့် လေးဆင့်ဖြင့်ဝယ်ယူသွားရန်သဘောတူခဲ့သည်။ပထမအဆင့်အရ ၂၀၂၄ ခုနှစ်ကုန်တွင် လျှပ်စစ်ဓါတ် အား ၃၀၀ မဂ္ဂါဝပ်၊ဒုတိယအဆင့်အရ ၂၀၂၅ ခုနှစ်မတိုင်မီ နောက်ထပ် လျှပ်စစ်ဓါတ်အား ၆၀၀ မဂ္ဂါဝပ်၊ တတိယအဆင့်အရ ၂၀၂၆ ခုနှစ်အတွင်း လျှပ်စစ်ဓါတ်အား ၆၀၀ မဂ္ဂါဝပ်နှင့်စတုတ္ထအဆင့်အရ ၂၀၂၇ ခုနှစ်မတိုင်မီ လျှပ်စစ်ဓါတ်အား ၉၀၀ မဂ္ဂါဝပ် တို့ကို လာအိုနိုင်ငံကတင်ပို့ဖြန့်ဖြူးသွားမည်ဖြစ်သည်။
လာအိုနိုင်ငံ က အိမ်နီးချင်းနိုင်ငံများသို့လျှပ်စစ်ဓါတ်အားများတင်ပို့ဖြန့်ဖြူးလျက်ရှိရာတွင် ထိုင်းနိုင်ငံ က အဓိကဝယ်ယူသူဖြစ်ကြောင်းလည်းသိရသည်။ထို့ပြင်လာအိုနိုင်ငံက အခြားအာဆီယံနိုင်ငံများသို့ဒေသ တွင်း ဓါတ်အားဖြန့်ဖြူးရေးလိုင်းများမှတင်ပို့သွားနိုင်ရန်လည်း စီစဉ်လျက်ရှိသည်။(Xinhua)