Asia
လာအို နိုင်ငံ တွင် လတ်တလော ကာလ အတွင်း ဖြစ်ပွား သည့် ရေဘေးဒုက္ခကြောင့် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ပြီး ၉၇ ဦး ပျောက်ဆုံး
ဗီယင်ကျန်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
လာအို နိုင်ငံ အမျိုးသား ဘေးအန္တရာယ် တာဆီးထိန်းချုပ်ရေး ကော်မတီ ၏ သြဂုတ်လ ၂၂ ရက် ၌ ထုတ်ပြန် ခဲ့သည့် နောက်ဆုံး ကြေညာချက် အရ လာအို နိုင်ငံ တွင် လတ်တလော တစ်လ တာ ကာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ရာ လူပေါင်းအနည်းဆုံး ၄၆ ဦး သေဆုံးခဲ့ပြီး ၉၇ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက်အရ လာအို နိုင်ငံ တွင် ဇူလိုင်လ မှ သြဂုတ်လ အလယ်ပိုင်း အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ် ၁၄ ခု တွင် ရေဘေး ဒုက္ခ နှင့် ကြုံတွေ့ခဲ့ရပြီး လူပေါင်း ၂၃၆,၀၀၀ ခန့် က ရေဘေးသင့် ခဲ့ရကြောင်း ၊ သြဂုတ်လ ၂၂ ရက် အချိန်ထိ လာအို နိုင်ငံ တွင် လူပေါင်း ၁၁,၀၀၀ ခန့် က ရေဘေးကြောင့် နေရပ်စွန့်ခွာ ခဲ့ရပြီး ယာယီရေဘေးရှောင် စခန်းတွင် နေထိုင် နေရကြောင်း ၊ ဇူလိုင်လ ၂၃ ရက် ၌ လာအို နိုင်ငံ တောင်ပိုင်း Attapeu ပြည်နယ် ရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် ဖြစ်ပွား ခဲ့သည့် ဆုံးရှုံးမှု နှင့် ပတ်သက်၍ စုံစမ်းမှုများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၊ သြဂုတ်လ ၂၀ ရက် အချိန်ထိ အဆိုပါ ဆည် ကျိုးကျမှုကြောင့် လူပေါင်း ၃၉ ဦး သေဆုံး ခဲ့ပြီး ၉၇ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် လာအို နိုင်ငံ ရေဘေးသင့် ဒေသများ အနေဖြစ် ယာယီတဲများ ၊ သန့်ရှင်းသည့် ရေများ ၊ အစားအစာများ နှင့် ဆေးဝါး စသည့် ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ၊ လာအို နိုင်ငံ အစိုးရ အဓိက ရင်ဆိုင်နေရသည့် အခက်အခဲ မှာ ရေဘေးသင့် ဒေသ များသို့ သွားရောက် နိုင်သည့် လမ်း နှင့် တံတား များ ပျက်စီး ခဲ့ရသောကြောင့် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲ ဖြစ်နေကြောင်း ပါဝင် ခဲ့သည်။(Xinhua)