Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၁၅ ဦး ရှိ

ပြိုကျပျက်စီးနေသော အဆောက်အဦများတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ သြဂုတ် ၂၂ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ West Nusa Tenggaraပြည်နယ် Lombok ကျွန်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များ ကြောင့် သေဆုံးသူ ၅၁၅ ဦး၊ ဒဏ်ရာရသူ ၇၁၄၅ ဦး ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်စီမံ ခန့်ခွဲရေး အေဂျင်စီက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

Lombok ကျွန်းတွင် လွန်ခဲ့သောလ ၂၉ ရက်နှင့် ယခုလ ၅ ရက်တွင် ပြင်းအား ၆.၄အဆင့် ငလျင်နှင့် ပြင်းအား ၇.၀ အဆင့်ငလျင်အသီးသီးလှုပ်ခတ်ခဲ့သလို ယခုလ ၁၉ ရက်တွင် Lombok ကျွန်းနှင့် ၎င်း ကျွန်းအနီးရှိပင်လယ်ပြင်တွင် ပြင်းအား ၆.၅ အဆင့်ငလျင်နှင့် ၆.၉ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင် ၄ ကြိမ် လှုပ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှုများ နှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

ငလျင်လှုပ်ခတ်မှုများကြောင့် နေအိမ်စွန့်ခွာရသူ စုစုပေါင်း ၄၃၁,၀၀၀ ဦး ရှိပြီး လူနေအိမ်ခြေ ၇၃,၈၀၀ ၊ အများသုံးအဆောက်အဦ ၇၉၈ ခု ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ Sutopoက သြဂုတ် ၂၁ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့ ကြောင်းသိရသည်။ ငလျင်ကြောင့် ဖြစ်ပွားရသော ဆုံးရှုံးနစ်နာမှုတန်ဖိုးမှာ ရူပီယာ ၇.၇ ထရီလီယံ (တရုတ်ယွမ်ငွေ ၃.၆၇ ဘီလီယံ)ခန့်ရှိသည်ဟု ကနဦးတွက်ချက်မှုများအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ Jusuf Kalla က သြဂုတ် ၂၁ ရက်တွင် ငလျင်ဘေးသင့်နေရာများသို့ သွားရောက်၍ ဒုက္ခသည်များကို သွားရောက်မေးမြန်းခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဘက်စုံလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အင်ဒိုနီးရှားရှိ တရုတ်လုပ်ငန်းရှင်များက ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့ကြကြောင်း၊ ယခု လ ၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အင်ဒိုကြက်ခြေနီအသင်းအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့်ထောက်ပံ့ကြေးငွေများ ပေးအပ် ခဲ့သလို တရုတ်နိုင်ငံ Blue Leopard အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကလည်း အဖွဲ့ဝင် ၈ ဦးအား ငလျင်ဘေး သင့်ရာ နေရာသို့ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် စေလွှတ်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိသောကြောင့် နှစ်စဉ် ငလျင်အကြိမ် ပေါင်းများစွာ လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.