Connect with us

Asia

လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရန် တရုတ်နိုင်ငံကထောက်ခံမည်

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဖြစ်သည့်် Zhang Jun လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်နေစဉ်။

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ၊လုံခြုံရေးကောင်စီအား အချိန်ကာလအရ လိုအပ်မှုများကို ဖြည့်တင်းနိုင်ရန်အတွက် ကျိုး ကြောင်းဆီလျော်ပြီး မရှိမဖြစ်လိုအပ်သောပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ရန်တရုတ်ပြည်သူ့သမ္မ တ နိုင်ငံက ထောက်ခံသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဖြစ် သည့််Zhang Jun က ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခ၊ံ၃၃ ကြိမ်မြောက်မျက်နှာစ ုံညီ အစည်းအဝေးတွင် နိုဝင်ဘာလ ၂၅ ရက်ကပြောကြားခဲ့သည်။

၎င်းက ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့်အာဖရိကနိုင်ငံများ အတွက်ကိုယ်စားပြုမှုမြင့်တက် လာစေရန် ဦးစားပေးဆောင်ရွက်သွားသင့်ကြောင်း၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုမှာနိုင်ငံငယ်များနှင့်အလယ် အလတ်နိုင်ငံ များဖြစ်ကြပြီး ယနေ့အချိန်အထိ လုံခြုံရေးကောင်စီတွင်အဖွဲ့ဝင်နိုင် ငံ ၆၃ နိုင်ငံမှာတစ် ကြိမ်မျှ နေရာရရှိဘူးခြင်းမရှိသေးကြောင်း၊အချို့သော အဖွဲ့ဝင်နိုင်ငံ ငယ်များနှင့်အ လယ်အလတ်နိုင်ငံ များဆိုလျှင်လည်း နှစ် ၄၀ မှ ၅၀ ခန့်ကြာမှ လုံခြုံရေးကောင်စီတွင်တစ်ကြိမ်နေရာ ရကြကြောင်း၊ဤအ ချက်က စိတ်မကောင်းဖွယ်ရာ တရားမျှတမှုမရှိခြင်းပင်ဖြစ်ကြောင်းပြောခဲ့သည်။

ထို့ပြင် ၎င်းက ပြုပြင်ပြောင်းလဲမှုများက အဖွဲ့ဝင်နိုင်ငံ ငယ်များနှင့်အ လယ်အ လတ်နိုင်ငံများအတွက်  လုံခြုံရေးကောင်စီတွင် ပါဝင်ခွင့်နှင့်ဆုံးဖြတ်ချက်ပေးခွင့်တို့ ပိုမိုရရှိစေမည်ဖြစ်ကာ လုံခြုံရေးကောင်စီ အားပို၍ ဒီမိုကရေစီဆန်မှု၊ပွင့်လင်းမြင်သာမှုနှင့်အရည်အချင်းပြည့်ဝမှုတို့ ဖြစ်စေမည်ဟုလည်းပြောခဲ့ သည်။

Zhang Jun ကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို သင့်တော်ကိုက်ညီစွာထိန်းချုပ်ဆောင်ရွက်ခြင်းမရှိ ပါက တိုးတက်မှုတစ်စုံတစ်ရာရရှိနိုင်မည်မဟုတ်ကြောင်းလည်းပြောခဲ့သည်။

ကုလသမဂ္ဂတွင်လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးအား အဖွဲ့ကြီး၏အစောပိုင်းနှစ်များကပင် အဖွဲ့ ဝင်နိုင်ငံအများအပြားကဆောင်ရွက်ရန်စိတ်ဝင်စားခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.