Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် အများပြည်သူဆိုင်ရာနေရာ၌ Vape အခိုးအငွေ့သုံးစွဲသူ ၂၄၃ ဦးကို ဖမ်းဆီး

e-cigarette သောက်သုံးနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် အများပြည်သူဆိုင်ရာနေရာများ၌ Vape အခိုးအငွေ့အသုံးပြုခြင်း သို့မဟုတ် e-cigarette သောက်သုံးများကို ဖမ်းဆီးမည်ဟူ၍ သမ္မတ ဒူတာတေးက နှုတ်မိန့်ပေးထားပြီး ရက်သတ္တပတ် တစ်ပတ်ခန့်အကြာ Vape အခိုးအငွေ့သုံးစွဲသူ ၂၄၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

“နိုင်ငံတစ်ဝန်း Vape နဲ့ e-cigarette ထုတ်ကုန်များ အသုံးပြုမှု ဆန့်ကျင်တဲ့ စစ်ဆေးမှု ၂,၈၇၈ ခု ပြုလုပ်ခဲ့ရာ လူ ၂၄၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘားနတ် ဘာနက်ခ် (Bernard Banac) က အတည်ပြုပြောခဲ့သည်။

“အဲဒီလူ ၂၄၃ ဦး အားလုံးကို အထောက်အထားမှတ်တမ်းယူခြင်းနဲ့ ဖမ်းဆီးခံထားရသူတွေထံက Vape အခိုးအငွေ့ရှူသွင်းရာတွင် အသုံးပြုသည့်ပစ္စည်း ၃၁၈ ခုနဲ့ Vape အရည်ဘူး ၆၆၆ ဘူးကို သိမ်းဆည်းခဲ့ကြောင်း ဘာနက်ခ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်များသည် သမ္မတ ဒူတာတေး၏ နှုတ်မိန့်နှင့် အမှတ် ၂၆ သမ္မတအမိန့်တို့အပေါ် အခြေခံကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဘာနက်ခ်က ဆိုသည်။

ဖိလစ်ပိုင်အစိုးရက အများပြည်သူဆိုင်ရာနေရာများနှင့် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်သည့် သမ္မတအမိန့် အမှတ် ၂၆ ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် e-cigarette များ အသုံးပြုခြင်းနှင့် တင်သွင်းခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် “e-cigarette အတွင်း နီကိုတင်း (Nicotine) နှင့် ကျွန်တော်တို့ မသိနိုင်တဲ့ အခြား ဓာတုပစ္စည်းတွေ ပါဝင်နေသဖြင့် vape အခိုးအငွေ့ရှူရှိုက်ခြင်းက အန္တရာယ်ရှိကြောင်း” ဒူတာတေးက ပြောခဲ့သည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117