Asia
လူသေဆုံးခဲ့ရသည့် လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် စိုးရိမ်ပူပန်မှုမြင့်တက်နေချိန် ဂျပန်နိုင်ငံက ကိုမတ်ဆုအခြေစိုက်စခန်း၌ F-35 ကိုယ်ပျောက်ဂျက်လေယာဉ်များတပ်ချထားမည်ဟုဆို
တိုကျို၊ဇွန် ၃ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အဓိကတိုက်လေယာဉ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့သွားရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ပြင်ကမ်းရိုးတန်းတွင် တည်ရှိရာ Ishikawa စီရင်စုရှိ ကိုမတ်ဆုလေတပ်အခြေစိုက်စခန်းသို့ F-35 ခေတ်မီကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ ပို့ဆောင်တပ်ချထားရန် စီစဉ်လျက်ရှိကြောင်း အစိုးရသတင်းအရင်းအမြစ်၏ ဇွန် ၂ ရက်က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း သတင်းမီယာကဖော်ပြခဲ့သည်။လော့ဒ်ဟီးမာတင်ကုမ္ပဏီမှ ထုတ်လုပ်သော ဘက်စုံသုံးတိုက်ခိုက်ရေးဂျက်လေယာဉ်အစင်း ၂၀ ခန့်ကို ကိုမတ်ဆုအခြေစိုက်စခန်းသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဂျပန်အစိုးရသည် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော လေယာဉ်မှူးတစ်ဦးတည်းလိုက်ပါစီးနင်းနိုင်သည့် F-35Aဂျက်တိုက်လေယာဉ် အစင်း ၁၀၅ ဝယ်ယူသွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအစိုးရအဖွဲ့အတွင်းဝန်ချုပ် Katsunobu Kato က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် “ တိုက်လေယာဉ်အုပ်စုတွေကို ဘယ်နေရာမှာ တပ်ချထားမလဲဆိုတဲ့ အချက်ပေါ် အခြေခံပြီး F-35 ဂျက်တိုက်လေယာဉ်တွေကို တပ်စွဲထားဖို့ အဓိကစဉ်းထားပါတယ် ၊ ကိုမတ်ဆုလေတပ် အခြေစိုက်စခန်းဟာ အာလားအလာရှိတဲ့ စာရင်းထဲမှာပါတဲ့နေရာတစ်ခုပါ” ဟု ဆိုသည်။
လက်ရှိတွင် ယင်းအခြေစိုက်စခန်း၌ F-15 တိုက်ခိုက်ရေးလေယာဉ် အစင်း ၄၀ တပ်စွဲထားပြီး ယင်းမှာ ကမ်းရိုးတမ်းတစ်လျှောက်တွင် တည်ရှိသည့် တစ်ခုတည်းသော F-15 ယူနစ်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ခေတ်မမီတော့သည့် F-15 ဂျက်တိုက်လေယာဉ်များ အသုံးပြုခြင်းကို စတင်ရပ်တံ့နေပြီး ယင်းနေရာတွင် အမေရိကန်လေတပ်က အသုံးပြုထားသော F-35A တိုက်လေယာဉ်များဖြင့် အစားထိုးသွားရန် စီစဉ်နေသည်။
F-35A သည် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များအနက် သုံးမျိုးကွဲထွက်သွားသော လေယာဉ်ထဲတွင်တစ်မျိုးအပါအဝင် ဖြစ်ပြီး ကျန်နှစ်မျိုးမှာ ပြေးလမ်းတိုပျံတက်နိုင်ပြီး ဒေါင်လိုက်ဆင်းသက် (STOVL)နိုင်သည့် F-35B လေယာဉ်အမျိုးအစားနှင့် ပို့ဆောင်ရေးအခြေပြုပုံစံ F-35C လေယာဉ်အမျိုးအစားတို့ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဧပြီလတွင် ငွေပေးချေမှုပြီးမြောက်သည့် အဆင့်သို့ရောက်ရှိနေပြီးဖြစ်သော ဂျပန် F-35A ဂျက်တိုက်လေယာဉ်တစ်စင်းသည် “ထိန်းချုပ်နိုင်ခြင်းမရှိသော အထူးအခြေအနေ ”ကြောင့် တစ်နာရီ ၁,၁၀၀ ကီလိုမီတာမြန်နှုန်းဖြင့် Aomori စီရင်စုရှိ Misawa လေတပ်အခြေစိုက်စခန်း၏ အရှေ့ဘက်တွင် တည်ရှိသော ပစိဖိတ်သမုဒ္ဒရာထဲသို့ ထိုးဆင်းပျက်ကျသွားရမှ လေယာဉ်မှူးသေဆုံးခဲ့ရပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဂျပန်ပြည်သူများက ဂျက်လေယာဉ်၏ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်ပူပန်မှုမြင့်တက်ခဲ့ရသည်။
ညပိုင်းပြုလုပ်သော ပျံသန်းမှုအတွင်း လေယာဉ်မှူးဆီမှ မည်သည့်ဆက်သွယ်ချက်မှ မရရှိခဲ့ကြောင်း နှင့် လေတပ်အခြေစိုက်စခန်းဆက်သွယ်ရေးတာဝါတိုင် နှင့် လေယာဉ်မှူးအကြား နောက်ဆုံးအဆက်အသွယ်ပြုလုပ်ချိန်မှာလည်း အလွန်တိုတောင်းကြောင်း နှင့် ယင်းလေယာဉ်သည် ရေဒါမှ လုံးဝပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ASDFက ယင်းလေယာဉ်ပျက်ကျမှု ဖြစ်စဉ်ကို “လူသားအမှား” ဟူ၍ နောက်ဆုံးကောက်ချက်ချခဲ့ရာ လေယာဉ်အား ကောင်းစွာထိန်းချုပ်မောင်းနှင်နိုင်ရန် ဂျပန်လေယာဉ်မှူးများ၏ စွမ်းဆောင်ရည်မပြည့်ဝမှုအပေါ် ဂျပန်နိုင်ငံ၌ မေးခွန်းထုတ်နေချိန်အတွင်းမှာပင် ယခုကဲ့သို့ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ တပ်ချထားမည့်အစီအစဉ်ကို ဂျပန်ပြည်သူများက စိုးရိမ်ပူပန်မှုမြင့်တက်ခဲ့ရခြင်းဖြစ်သည်။(Xinhua)
——————————————
(English Version)
Japan to deploy F-35A stealth jets to Komatsu base amid concerns after fatal crash
TOKYO, June 2 (Xinhua) — The Japanese government is planning to deploy four F-35A advanced stealth fighter jets to Komatsu Air Base in Ishikawa Prefecture on the Sea of Japan coast as part of broader plans to make the jet its mainstay fighter, local media cited government sources as saying Wednesday.
Around 20 of the Lockheed Martin-built multirole fighters will eventually be stationed at the Komatsu base, with Japan having already decided to buy 105 of the single-seater, conventional takeoff and landing variant of the jets.
Chief Cabinet Secretary Katsunobu Kato told a press briefing on the matter that “bases where fighter units are stationed are mainly being considered for F-35A deployment” and the Komatsu base is a “potential candidate site.”
Currently around 40 F-15 fighters are deployed at the base and is the only unit along this coast. Japan has begun phasing out the aged F-15s and replacing them with F-35As used by the U.S. Air Force.
The F-35A is one of three variants of the fifth-generation fighters, the other two being the F-35B short take-off and vertical-landing (STOVL) type and the F-35C carrier-based version.
In April 2019, public concern about the jet’s safety, already marred by its checkered developmental phase, was raised again following a Japanese F-35A pilot suffering “spacial disorientation” causing his jet to fatally plunge into the Pacific Ocean east of the Misawa Air Base in Aomori Prefecture at more than 1,100 kilometers per hour.
No distress call was sent from the pilot during the night mission and little time elapsed between the pilot’s last communication with the base’s tower and the plane fatefully disappearing from radar.
The ASDF’s conclusion of “human error” did little to allay public concerns about the planned deployment of the jets in Japan amid questions over the lack of ability of Japanese pilots to fly them, experts said. Enditem
Photo – Two Lockheed Martin Corp F-35 stealth fighter jets .