Connect with us

Europe

COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်းမဟုတ်ကြောင်း WHO ကျွမ်းကျင်ပညာရှင်ပြောကြား

ရုရှားနိုင်ငံကူးစက်ရောဂါကာကွယ်ရေး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင် Dmitry Lvov က မေ ၂၉ ရက်တွင် ရုရှား-၂၄ သတင်းဌာနနှင့်အင်တာဗျူးဖြေကြားနေစဉ်(ဆင်ဟွာ)
မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ)
COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်းမှ ဖြစ်ပေါ်လာခဲ့သည်ဆိုသည့် ဆက်စပ်ပြောဆိုနေမှုများမှာ မည်သည့်တန်ဖိုးတစ်စုံတစ်ရာမှမရှိကြောင်း ရုရှားနိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ Dmitry Lvov က ပြောကြားလိုက်သည်။
“ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့ငှက်တွေဆီကနေ ကနဦးစတင် ပေါက်ဖွားလာတာပါ ၊ အဲဒီလင်းနို့ငှက် အိပ်တန်းဝင်ခဲ့တဲ့ အခန်းတစ်ခန်းထဲမှာ သွားနေမိတဲ့ တစ်စုံတစ်ယောက်ဟာ ရောဂါစတင်ကူးစက်ခံရနိုင်သလို ဒါမှမဟုတ် လင်းနို့ငှက်တွေအများကြီးကျက်စားနေတဲ့ ဂူတစ်ဂူ ကနေလည်း ကူးစက်ခံရနိုင်ပါတယ် ” ဟု ၎င်းက ဆိုသည်။

တောရိုင်းတိရစ္ဆာန်များနှင့်ထိတွေ့ဆက်နွယ်ခဲ့သော အိမ်မွေးတိရစ္ဆာန်များမှတဆင့် လူသားများထံ ခန့်မှန်းခြေ ဗိုင်းရပ်စ်အမျိုးအစားပေါင်း ၁၅၀ ခန့် ကူးစက်ခံထားရဖူးကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ရုရှားရုပ်သံနှင့်ပြုလုပ်သည့်တွေ့ဆုံးမေးမြန်းခန်းတွင် Lvov က ပြောကြားခဲ့သည်၊။

 
“ လူတစ်ယောက်ဟာ လင်းနို့ငှက်တွေနဲ့ ဂေဟဗေဒသဘောသဘာဝအရ ထိတွေ့ဖူးတဲ့ အချို့ တိရစ္ဆာန်တွေရဲ့ အသားကို စားမိမယ်ဆိုရင်လည်း အဲဒါဟာ ရောဂါကူးစက်ပြန့်နှံ့ဖို့ ပထမဆုံး အရင်းအမြစ်ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
 
ရုရှားနိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင် Dmitry Lvov နှင့် Russia-24 ရုပ်သံလိုင်းတို့၏ ၂၀၂၁ ခုနှစ် မေ ၂၉ ရက်တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။(Xinhua)
——————————————
(English Version)
 
WHO expert rules out man-made origin of COVID-19
 
MOSCOW, June 2 (Xinhua) — Concerns over the artificial origins of COVID-19 do not have any value, Russian virologist and expert at the World Health Organization Dmitry Lvov said.
“Coronaviruses are primarily viruses associated with bats. Someone could have been infected either in a room where a bat spent the night or in a cave where bats usually live in large numbers,” he said.
 
Roughly 150 viruses have been transmitted to humans from animals during the domestication of wild animals, Lvov told a Russian television program last week.
“A person could have eaten some meat from animals that have ecological ties with bats, thus becoming the first source of infections,” he added.
 
This screen grab from footage released by Russia-24 news channel shows that Russian virologist and WHO expert Dmitry Lvov is being interviewed on May 29, 2021.