Connect with us

Asia

သမိုင်းဝင် နျူကလီးယား သဘောတူညီမှု နောက်ပိုင်း အီရန်၏ စီးပွားရေး အခွင့်အလမ်းကို ဂျာမန် လုပ်ငန်းများ မျက်စိကျ

အီရန် နျူကလီးယား သဘောတူညီမှု ရရှိခြင်းအပေါ် အီရန်ပြည်သူများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့ အကြား သမိုင်းဝင် နျူကလီးယား သဘောတူညီမှု ရလိုက်ခြင်းသည် ဂျာမန် စက်မှုလုပ်ငန်းများ အတွက် အခွင့်အရေးကြီး တစ်ခု လမ်းပွင့် သွားကြောင်း ဂျာမန် စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

စီးပွားရေး ပိတ်ဆို့မှုတွေ ဖြည်းဖြည်းချင်း ဖြေလျှော့ခြင်းနှင့်အတူ အီရန်ကို နိုင်ငံတကာ အသိုင်းအဝိုင်း ထဲသို့ ပြန်လည် ပေါင်းစည်းရန် ဂျာမန် စက်မှုလုပ်ငန်းများက တစ်စိတ်တစ်ပိုင်း ကူညီပေးနိုင် ပါလိမ့်မည်ဟု ဂျာမန် စက်မှုလုပ်ငန်း အဖွဲ့ချုပ် (BDI) ခေါင်းဆောင် Ulrich Grillo က သတင်း ထုတ်ပြန်ချက်တွင် ပြောထားပါ သည်။

ဂျာမနီ နိုင်ငံ၏ အီရန်နှင့် ကုန်သွယ်မှု ပမာဏမှာ ၂၀၁၄ ခုနှစ်တွင် ယူရို ၂.၄ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၂.၆၄ ဘီလီယံ ) ရှိခဲ့ရာမှ ယခုနှစ် နှစ်လယ်တွင် လေးဆကျော် တိုးပြီး ယူရို ၁၀ ဘီလီယံ ခန့် ရှိနိုင်ကြောင်း Ulrich Grillo က ခန့်မှန်း ထားပါသည်။

တကယ်တော့ ရေနံလုပ်ငန်းတွေ အဆင့်မြှင့်တင် လာတာဟာ ဂျာမန် အင်ဂျင်နီယာ ရပ်ဆိုင်ရာ လုပ်ငန်းတွေအတွက် ကြီးမားတဲ့ ဈေးကွက် ပွင့်လင်းစေကြောင်း၊ တခြား လုပ်ငန်းများဖြစ်သော ကားလုပ်ငန်း၊ ဓာတုလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းနှင့် ပြန်ပြည့်မြဲ စွမ်းအင်လုပ်ငန်း စတာတွေမှာလည်း အကျိုးရှိစေမှာ ဖြစ်ကြောင်း သူက ထပ်ပြောပါသည်။

အီရန် နိုင်ငံနှင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများ ဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ အမေရိကန် နှင့် ဂျာမနီ နိုင်ငံတို့ အကြား ဗီယမ်နာ မြို့တွင် နှစ်ပတ်ကျော်ကြာ စကားဝိုင်း ဆွေးနွေးပွဲ အပြီးတွင် အီရန်၏ နျူကလီးယား အစီအစဉ်များ ထိန်းချုပ်မှု အတွက် အပြန်အလှန် အားဖြင့် အီရန်အပေါ် ငွေကြေးနှင့် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ပေးလိမ့်မည် ဖြစ်ကြောင်း သိရပါသည်။

အင်္ဂါနေ့ အစောပိုင်းက ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး Frank-Walter Steinmeier က ယခု သဘောတူညီမှု သည် နိုင်ငံ တကာ နိုင်ငံရေး ပဋိပက္ခများကို ပင်လျှင် စကားဝိုင်း ဆွေးနွေးခြင်းနှင့် မဆုတ်မနစ် ကြိုးပမ်းမှုတို့ဖြင့် ဖြေရှင်း နိုင်ကြောင်း သက်သေ ပြသည့် သမိုင်းဝင် ရလဒ် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.