Connect with us

Asia

ခရီးသွားများကို ဆွဲဆောင်ရန် ကမ္ဘာ့ဇီဝ ကြိုးဝိုင်းကို ဖြတ်ပြီး လမ်းတစ်ခု ဗီယက်နမ် တည်ဆောက်ရန်ရှိ

ဗီယက်နမ် နိုင်ငံရှိ Can Gio လမုတော မြင်ကွင်း (ဓါတ်ပုံ- unescovietnam.com)

ဟိုချီမင်းစီးတီး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ခရီးသွား ဧည့်သည်များကို ပိုပြီး ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက်နှင့် ဇီဝကြိုးဝိုင်း အဖြစ် ယူနက်စကို အသိအမှတ်ပြု ထားသည့် Can Gio လမုတောကို ဖြတ်၍ လမ်းသစ် တစ်လမ်း တည်ဆောက်ရန် ခွင့်ပြုလိုက်ကြောင်း ပြည်တွင်း အွန်လိုင်းသတင်းစာ Thanh Nien (Young People) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြထားပါသည်။

၁၇ မီတာ ကျယ်ပြီး ၃.၅ ကီလိုမီတာရှည်မည့် အဆိုပါလမ်း ဧရိယာအတွက် သစ်ပင်ပေါင်း ၁၈,၆၀၀ ခုတ်လှဲရဖို့ ရှိပြီး လမ်း တည်ဆောက်မှုတွင် Can Gio ဒေသရှိသစ်တော ၆.၄ ဟက်တာနှင့် ထိုဧရိယာအတွင်း နေထိုင်သော သက်ရှိ သတ္တဝါများ ပြောင်းရွှေ့ ခံရဖို့ ရှိပါသည်။ယခုလို တည်ဆောက်မှုဟာ သစ်တောအတွင်း သဘာဝ အတိုင်းရှိနေသော အသိုက်အဝန်း နှင့် ဆူညံမှုတွေ နှင့် အနှောင့်အယှက်ပေး နိုင်ခြင်း ကို ကွဲပြားစေနိုင်ခြင်း Erosion (မြေတိုက်စားခြင်း ပုံစံမျိုး) အဖြစ် ဦးတည်လိမ့်မည်ဟု ရပ်ကျေး ဒေသခံ များကပြောပါသည်။ သို့သော်လည်း ယခု အစီအစဉ်သည် ဒေသခံများ အတွက် အကျိုးကျေးဇူး ရှိလာမည်ဟု တာဝန် ရှိသူများက ဆိုပါသည်။

ဒေသ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် မတိုင်မီ ဆုံးရှုံးသွားသော သစ်တောများ နေရာတွင် ပြန်လည် စိုက်ပျိုးပေး မည်ဖြစ်ကြောင်း ကတိပြုထားပါသည်။ ယခု ပရောဂျက်သည် ဗီယက်နမ် ဒေါင် ၁၉၀ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၈.၇ မီလီယံ) ကုန်ကျနိုင်ကြောင်း၊ ယခုလနောက်ပိုင်း အပြီးသတ် ဆုံးဖြတ်ချက် မချမီ သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှုအပေါ် လေ့လာ အကဲဖြတ်မှုတွေ ပြုလုပ်ရန် ရှိကြောင်း သိရပါသည်။

လက်ရှိတွင် ဟက်တာ ၃၁,၀၀၀ ကျယ်ဝန်းသော လမုတော ကို ခရီးသွားများ အတွက် ဖွင့်ထားပြီး ဖြစ်ပါသည်။ အဆိုပါ ဒေသ တွင် လမုတော ထောင်ပေါင်းများစွာ အပြင် အမျိုးအစား မတူညီသော တောရိုင်း တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၂၀၀ ကျော်နှင့် ပန်းမျိုးစိတ်ပေါင်း ၁၅၀ ကျော် ရှိပြီး ယူနက်စကို (United Nations Educational, Scientific and Cultural Organization= UNESCO) က ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ဇီဝကြိုးဝိုင်း အဖြစ် သတ်မှတ်ခဲ့ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117