Connect with us

Asia

သိုးနေသော ခေါက်ဆွဲပြုတ် စားမိ၍ ကမ္ဘောဒီးယားရွာသား ၈၇ ဦး ဖျားနာ

သိုးနေသော ခေါက်ဆွဲပန်းကန်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း Takeo ပြည်နယ်၌ ပြုလုပ်သော ပါတီ တစ်ခုတွင် ပုပ်သိုးနေသည့် ရိုးရာခေါက်ဆွဲ ပြုတ် စားမိပြီးနောက် ရွာသား ၈၇ ဦးခန့် ဖျားနာခဲ့ကြောင်း ဒေသခံရဲများက ဖေဖော်ဝါရီလ ၁၆ ရက်က အတည်ပြုပြော ကြားလိုက်သည်။

“ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်က ရွာမှာ ပြုလုပ်တဲ့ ပါတီတစ်ခုမှာ ကျွေးတဲ့ ခေါက်ဆွဲပြုတ်စားပြီးတဲ့နောက် အမျိုး သမီး ၅၇ ဦး အပါအဝင် ရွာသား ၈၇ ဦးဟာ မူးဝေတာ၊ အစာအိမ်အောင့်တာ၊ ဝမ်းလျှောတာနဲ့ အန်တာတွေ ဖြစ် ခဲ့တယ်” ဟု မတော်တဆမှု ဖြစ်ပွားခဲ့သည့် Tramkok ခရိုင်၏ ဒုတိယ ရဲချုပ် ချန် ချန်ထရာက ဆင်ဟွာသို့ ပြော သည်။

အစာအဆိပ်သင့်ခဲ့သူများအား ဆေးကုသမှု ခံယူရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိမှာ အားလုံး အခြေအ နေ ကောင်းလာပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုကဲ့ လူအများအပြား အစာအဆိပ်သင့်ရသည့် အကြောင်းရင်းအား ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ယင်း ခေါက်ဆွဲပြုတ် နမူနာအား စမ်းသပ်စစ်ဆေးရန် ကျန်းမာရေး ဋ္ဌာနသို့ ပို့ပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်လည်း Kratie ပြည်နယ်၌ မက်သနော အလွန်အမင်းပါဝင်သည့် ဆန်အရက် သောက်သုံးမိသဖြင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး ၁၇၂ ဦး ဖျားနာသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.