Asia
သီရိလင်္ကာဝန်ကြီးချုပ် ကမ္ဘာ့ဖိုရမ် တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်
ကိုလန်ဘို၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe သည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် ၁၂ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ်မစ် စီးပွားရေးဖိုရမ် တက်ရောက်ရန် နှင့် ယင်းဖိုရမ်၌ မိန့်ခွန်းပြောကြားရန် အင်ဒိုနီးရှားနိုင်ငံသို့ သြဂုတ်လ ၁ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် တွင် သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe၏ ခရီးစဉ်အတွင်း Wickremesinghe သည် ဖိုရမ်ပြင်ပ၌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို နှင့် တွေ့ဆုံဆွေးနွေးသွားမည့်အပြင် မလေးရှားနိုင်ငံ နှင့် ဂျော်ဒန်နိုင်ငံတို့မှ ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Wickremesinghe သည် ၂၀၁၅ခုနှစ် သြဂုတ်လ တွင် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ၎င်း၏အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးခရီးစဉ်သွားရောက်ခြင်း ဖြစ်သည်။ (Xinhua)