Connect with us

Asia

တိုကျို၏ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူးအဖြစ် ကာကွယ်ရေး ဝန်ကြီးဟောင်း ယူရီကို ကိုအိကဲ ကို ခန့်အပ်

တိုကျို၏ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည့် ယူရီကို ကိုအိကဲ အား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် တိုကျို အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ၌ ကာကွယ်ရေးဝန်ကြီးဟောင်း ယူရီကို ကိုအိကဲ (Yuriko Koike) က အနိုင်ရရှိရန် သေချာနေခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြထား သည်။

အသက် ၆၄ နှစ်အရွယ် အစီအစဉ် တင်ဆက်သူဟောင်းလည်း ဖြစ်သူ ယူရီကို ကိုအိကဲသည် တိုကျို၏ ပထမ ဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာမည် ဖြစ်သည်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) အဖွဲ့ဝင် ကိုအိကဲသည် ပါတီ ထောက်ခံချက် ရရှိရန် ရှုံးနိမ့် ခဲ့ပြီးနောက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်း၏ အဓိက ပြိုင်ဘက်များမှာ LDP က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထဲရေး ဝန်ကြီးဟောင်း ဟီရို ယာ မာဆုဒါနှင့် အတိုက်အခံ ပါတီ လေးခုက ကျောထောက်နောက်ခံပေးထားသော ဝါရင့် သတင်းစာဆရာ ရှန် တာရို တိုရီဂိုး တို့ ဖြစ်သည်။
ပြည်သူ့ ရန်ပုံငွေအား ပုဂ္ဂလိက ပိတ်ရက်နှင့် လက်ဆောင်များအတွက် သုံးစွဲခဲ့သောကြောင့် ဇွန်လက ရာထူးမှ နုတ်ထွက်ခဲ့ရသည့် တိုကျို အုပ်ချုပ်ရေးမှူးဟောင်း ယိုအိချိ မာဆုဇိုး၏ နေရာတွင် အစားထိုးခန့်အပ်ရန် ဇူလိုင် လ ၃၁ ရက် က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ ကိုယ်စားလှယ် ၂၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ယခု ရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးသစ်သည် ၂၀၂၀ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နွေရာသီ အိုလံပစ်နှင့် မသန်စွမ်း အိုလံပစ် ပွဲစဉ်များအတွက် ပြင်ဆင်ရာတွင် တာဝန်ယူရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.