Asia
သီရိလင်္ကာ အလယ်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားမီးလောင်မှုကြောင့် လူ ၁၇ဦး ဒဏ်ရာရရှိ

ကိုလံဘို၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ Central Highlands ၌ ဖေဖော်ဝါရီ ၂၁ရက်တွင် ခရီးသည်တင် ဘတ်စ်ကားမီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် Diyatalawa မြို့ မှ အနီးရှိ Kahagollaမြို့သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ပြီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံသတင်းမီဒီယာများ က ထိခိုက်ဒဏ်ရာရရှိသူ အများစု သည် နိုင်ငံမြောက်ပိုင်း Jaffna မြို့ မှ Diyatalawa စစ်စခန်းသို့ လာရောက်ကြသည့် လေတပ် နှင့် ကြည်းတပ် စစ်သားများ ဖြစ်ကြောင်းဖော်ပြခဲ့သည်။
ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရရှိသူ အားလုံးကို Diyatalawa ပြည်နယ်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိပြီး မီးလောင်ရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)