Connect with us

Asia

နီပေါတွင် လက်နက်မှောင်ခိုကူးသူ အိန္ဒိယနိုင်ငံသား ၃ဦးအား ဖမ်းဆီး

နီပေါနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတောင်ပိုင်း Rautahat ခရိုင် တွင် အိန္ဒိယနိုင်ငံသား ၃ဦးအား နိုင်ငံအတွင်းသို့ လက်နက်မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။

ရဲမှူး Yagya Binod Pokharel က နီပေါရဲတပ်ဖွဲ့သည် သတင်းရရှိချက်အရ Rautahat ခရိုင် Gaur စည်ပင်သာယာရေးနယ်မြေ ရှိ ဟိုတယ်တစ်ခုအား ဝင်ရောက်စီးနင်းခဲ့ရာ အိန္ဒိယနိုင်ငံသား ၃ဦး ကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရားခံများသည် အိန္ဒိယနိုင်ငံ Bihar ပြည်နယ်မှဖြစ်ပြီး စုံစမ်းမေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကာ တရားခံများကို ရဲစခန်းသို့ပို့ဆောင်ပေးထားကြောင်း Pokharelက ပြောကြားခဲ့သည်။

၎င်းက အိန္ဒိယနိုင်ငံသားများထံမှ မောင်းပြန်ပစ္စတိုများ နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ဖမ်းဆီးမှု နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံဘက်က မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.