Connect with us

Asia

ပါကစ္စတန်နိုင်ငံ တရားရုံးချုပ်က နာဝတ်ဇ်ရှာရစ်အား ပါတီခေါင်းဆောင်အဖြစ်မှ ပယ်ဖျက်

ကုလသမဂ္ဂ၌ မိန့် ခွန်းပြောကြားနေသော ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ်ရှာရစ် အား တွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတရားရုံးချုပ်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ်ရှာရစ်အား အာဏာရပါကစ္စတန်မွတ်စလင်လိဂ်-Nawaz (PML-N) ပါတီ၏ ခေါင်းဆောင်အဖြစ်မှ အရည်အချင်းမပြည့်မီ၍ ဖယ်ရှားလိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

Urdu Dunya TV ဒေသတွင်းရုပ်သံက ပါကစ္စတန်နိုင်ငံတရားသူကြီးချုပ်Mian Saqib Nisar ဦးဆောင်သော တရားရုံးချုပ် တရားသူကြီးအဖွဲ့ဝင် ၃ ဦးသည် ပါလီမန်မှ အတည်ပြုခဲ့သော ၂ဝ၁၇ ခုနှစ် ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်၍ အထက်ပါအတိုင်း ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အရည်အချင်းမပြည့်ဝသူတစ်ဦးသည် မည်သည့် အစိုးရစာချုပ်စာတမ်းကိုမျှ လက်မှတ်ရေးထိုးနိုင်ခွင့် မရှိကြောင်း ၊ ယင်းအတွက် အစိုးရအဖွဲ့(သို့မဟုတ် ) လွှတ်တော်က တစ်စုံတစ်ယောက်ကို အမည်စာရင်းတင်သွင်း ရွေးချယ်ရန် လိုအပ်ကြောင်း တရားသူကြီးချုပ်က ဆိုသည်။

နာဝတ်ဇ်ရှာရစ်သည် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၎င်း၏ ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေညာရန် ပျက်ကွက်ခဲ့၍ အဂတိလိုက်စားမှုဖြင့် အမြင့်ဆုံးတရားရုံးု၌ တရားစွဲဆိုခံထားရသောကြောင့် အရည်အချင်းမပြည့်မီကြောင်း သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

လာမည့် ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကို မတ်လ ၃ ရက်တွင် ကျင်းပရန် အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ထားကြောင်း သတင်းများက ဆိုသည်။

နာဝတ်ဇ်ရှာရစ်၏ ရှေ့နေဖြစ်သူ Faisal Chaudhry က ဆီးနိုတ်မဲများအတွက် အာဏာရပါတီ PML-N ထဲတွင် ကိုယ်စားလှယ်လောင်းမရှိကြောင်း သုံးသပ်ထားပြီး ၊ အဘယ့်ကြောင့်ဆိုသော် ရှရစ် ဦးဆောင်ပြုလုပ်သည့် ဆီးနိုတ်ရွေးကောက်ပွဲများမှာလည်း တရားဝင်မှုမရှိဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် တရားရုံးက ဆုံးဖြတ်ထားခဲ့သည့်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.