Asia
အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၅.၉ ရှိ ငလျင်လှုပ်
ဟောင်ကောင်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ တိုဒိုကျွန်း အရှေ့တောင်ဘက် ၃ ကီလိုမီတာတွင် သြဂုတ်လ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၅ း ၂၅ း ၃၁ နာရီ၌ အင်အား ၅.၉ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်မှာ တောင်လတ္တီကျု ၈.၃၉၃၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၁၆.၂၀၇၈ ဒီဂရီအကြား မြေအောက်အနက် ၁၀.၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ်လ ၉ ရက်က ၆.၂ အင်အားပြင်း ငလျင်တစ်ခု နောက်ဆက်တွဲ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိရူပဗေဒ လုပ်ငန်းမှ တာဝန်က ဆင်ဟွာသို့ ပြောခဲ့သည်။