Connect with us

Asia

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲများ သြဂုတ်လ ၁၃ ရက်တွင် ပြုလုပ်မည်

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်မည့်သတင်းအား စောင့်ကြည့်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အဆင့်မြင့်ဆွေးနွေးပွဲများကို သြဂုတ်လ ၁၃ ရက်တွင် နယ်စပ်ကျေးရွာ ပန်မွန်ဂျုံ၌ တွေ့ဆုံရန် သြဂုတ်လ ၉ ရက်က သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပန်မွန်ဂျုံ ကြေညာချက်ကို အကောင်အထည်ဖော်ရန် အဆင့်မြင့်ဆွေးနွေးပွဲအား သြဂုတ်လ ၁၃ ရက်တွင် ပန်မွန်ဂျုံကျေးရွာရှိ မြောက်ကိုရီးယား အဆောက်အအုံဖြစ်သော Tongilgak ၌ ပြုလုပ်ရန် မြောက်ကိုရီးယားနိုင်ငံဘက်က အစောပိုင်းနေ့က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ဧပြီလ ၂၇ ရက်က ပန်မွန်ဂျုံ၌ ပထမဆုံး ထိပ်သီးအစည်းအဝေးပြုလုပ်ကာ လက်မှတ်ရေးထိုးခဲ့သည့် ကြေညာချက်အား အကောင်အထည်ဖော်ရေး ဆွေးနွေးရန်ကမ်းလှမ်းချက်ကို တောင်ကိုရီးယားနိုင်ငံဘက်က လက်ခံခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.