Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံမြို့တော်တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၉ ဦးသေဆုံး၊ လူပေါင်းများစွာ နေရပ်ရွှေ့ပြောင်းခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လမ်းမများနှင့် ရပ်ကွက်များအတွင်း ရေလျှံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးလျှော့ချရေးအေဂျင်စီက ဇန်နဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လမ်းမများနှင့် ရပ်ကွက်များအတွင်း ရေလျှံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လမ်းမများနှင့် ရပ်ကွက်များအတွင်း ရေလျှံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လမ်းမများနှင့် ရပ်ကွက်များအတွင်း ရေလျှံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နှစ်သစ်ကူးနေ့အကြို (ဒီဇင်ဘာ ၃၁ ရက်) ကတည်းက အနည်းဆုံး ရပ်ကွက် ၉၀ တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေလျှံခြင်းများ ဖြစ်ပွားခဲ့ကြောင်း အမျိုးသား သဘာဝဘေးလျှော့ချရေးအေဂျင်စီ (BNPB) ပြောခွင့်ရပုဂ္ဂိုလ် အာဂတ်စ် ဝီဘိုဝူ (Agus Wibowo) က ပြောခဲ့သည်။ယင်းဖြစ်ရပ်များကြောင့် နိုင်ငံပိုင် PLN လျှပ်စစ်လုပ်ငန်းက လျှပ်စစ်နှင့် ဆက်စပ်သောမတော်တဆမှု ဖြစ်ပွားခြင်းများမှ ကာကွယ်ရန် ဂျကာတာမြို့ရှိ ရေဘေးသင့်နယ်မြေများတွင် ယာယီလျှပ်စစ်ဖြတ်တောက်ခဲ့ကြောင်း သိရသည်။အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ဂျကာတာမြို့တွင် နေထိုင်သူ အမြောက်အများ နေရပ်ရွှေ့ပြောင်းခဲ့ရပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.