Connect with us

Asia

မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်က နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်ရန် သန္နိဋ္ဌာန်ချမှတ်

မြောက်ကိုရီးယားနိုင်ငံက၂၀၁၉ ခုနှစ်မေလတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်ရန် အစိုးရအရာရှိကြီးများ နှင့် သိပ္ပံပညာရှင်များအား အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA) သတင်းဌာနက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။

ပြုံယမ်းမြို့၌ ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK) ၇ ကြိမ်မြောက် ဗဟိုကော်မတီ၏ ၅ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် ပါတီဥက္ကဋ္ဌကင်က နိုင်ငံအနေဖြင့် အမေရိကန်မှ နျူကလီးယားခြိမ်းခြောက်မှုကို ဟန့်တားနိုင်ရန် နှင့် ၎င်းတို့၏ ရေရှည်လုံခြုံရေးကို အာမခံနိုင်ရန် မည်သည့်အချိန်တွင်မဆို အသင့်အနေထား ရှိနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK) ကြိမ်မြောက် ဗဟိုကော်မတီ၏ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ကင်ဂျုံအန် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

“ ကျွန်တော်တို့ရဲ့ ကြားဖြတ်ဟန့်တားမှု စွမ်းရည် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အတိမ်အနက်ဟာ အနာဂတ်မှာ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု အနေအထားပေါ်မှာ မူတည်ပါတယ်” ဟု ကင်၏ပြောကြားချက်ကို ကိုးကား၍ KCNA သတင်းက ဆိုသည်။ခေါင်းဆောင်ကင်က “ ပါတီနဲ့တော်လှန်ရေးအပေါ် အစဉ်အမြဲ သစ္စာရှိြခင်းနဲ့အတူ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကားကို တိုးမြှင့်ဖို့အတွက် ကြိုးပမ်းအားထုတ်သွားကြရမယ်” ဟု အစိုးရအရာရှိကြီးများနှင့် သိပ္ပံပညာရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။ခိုင်မာတောင့်တင်းသော နိုင်ငံတော်ဖြစ်အောင် တွန်းအားပေးခြင်း နှင့် ကာကွယ်ရေးစွမ်းပကား မြှင့်တင်ခြင်းသည် ကြီးကျယ်မြင့်မြတ်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ၎င်းကဆိုသည်။(Xinhua)