Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဓါတ်အားပေးစက်ရုံ တည်ဆောက်မှု အတွင်း ပေါက်ကွဲမှုကြောင့် ၇ဦးသေ၊ ၆ဦး ဒဏ်ရာရရှိ

တည်ဆောက်ဆဲ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမြောက်ပိုင်းရှိ ဓါတ်အားပေးစက်ရုံ ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမြောက်ပိုင်း ရှိ ဓါတ်အားပေးစက်ရုံ တည်ဆောက်မှု အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သောကြောင့် အလုပ်သမား ၇ဦး သေဆုံးခဲ့ပြီး အခြား အလုပ်သမား ၆ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ မှ အကြီးတန်းအရာရှိတစ်ဦး က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Karo ခရိုင်၊ Rih Tengah ရွာ တွင်တည်ရှိသည့် ဥမင်လိုဏ်ခေါင်းအတွင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသရှိ ပြည်တွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ၏ အတွင်းရေးမှူး Jonson Tarigan ကပြောကြားခဲ့သည်။

အလုပ်သမားများသည် အဆိုပါ ဥမင်လိုဏ်ခေါင်းအတွင်း အလုပ်လုပ်နေစဉ် ရုတ်တရက် မီးစက်ပေါက်ကွဲကာ ၎င်းတို့အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Karo ခရိုင်မှ Mr. Tarigan က ဆင်ဟွာသို့ ဖုန်းဆက်ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရှိသူ အားလုံးကို ကယ်ဆယ်ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.