Connect with us

Asia

အိန္ဒိယ သည် ပါကစ္စတန် အကြမ်းဖက်သမား ၁၁ဦး ၏အမည်စာရင်းအား ကုလသမဂ္ဂသို့ တင်သွင်း

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ယူထားသည့် ပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စု မှ အကြမ်းဖက်သမား ၁၁ဦး၏ အမည်စာရင်းကို အိန္ဒိယနိုင်ငံ အစိုးရ က ကုလသမဂ္ဂသို့ တင်သွင်း ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလတွင် အသစ်တင်သွင်းခဲ့သည့် အကြမ်းဖက်သမား ၁၁ဦး နှင့် အိန္ဒိယနိုင်ငံရှိ အကြမ်းဖက် အုပ်စု နှင့် ဆက်စပ်နေသော အဖွဲ့အစည်းတစ်ခု၏အမည်အား ကုလသမဂ္ဂ၏ တားဆီး ပိတ်ဆို့မှု ချမှတ်ရေး ကော်မတီထံသို့ ပေးပို့ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လွှတ်တော်၌ ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၄၀ နှင့် တရားခံလွှဲပြောင်းရေးစာချုပ်များ အပြင် နိုင်ငံ ကိုးနိုင်ငံနှင့် တရားခံ လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးက အိန္ဒိယနိုင်ငံအစိုးရသည် ပြည်ပသို့ ထွက်ပြေးလွတ်မြောက်နေသည့် ရာဇဝတ်သားများ၊ အထူးသဖြင့် အကြမ်းဖက်မှု နှင့် ပတ်သက်နေသည့် တရားခံများအား အခြားနိုင်ငံများမှ ပြန်လည်လွှဲပြောင်းရရှိရန် မူဝါဒများ ချမှတ်ကာ တရားခံလွှဲပြောင်းရေးဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များ၊ အစီအစဉ်များတွင် လက်မှတ် ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.