Asia
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ရေကြီး မြေပြိုမှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လူတစ်ဦး ပျောက်ဆုံး
ဂျာကာတာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှား နိုင်ငံ အနောက်ပိုင်း Jambi ပြည်နယ်တွင် ရေကြီး မြေပြိုမှုများကြောင့် နေအိမ်၊ လမ်းများ ပျက်စီး ခဲ့ရပြီး လူတစ်ဦး ပျောက်ဆုံး နေကြောင်း Jambi ပြည်နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဋ္ဌာန အကြီးတန်း အရာရှိ တစ်ဦး က ဧပြီလ ၂၇ ရက်တွင် ပြောကြား ခဲ့သည်။
Jambi ပြည်နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာ အရေးပေါ်ဋ္ဌာန တစ်ခု၏ အကြီးအကဲ Arief Munandar က ပြည်နယ် အတွင်း၌ ဧပြီလ ၂၂ ရက် ကတည်းက စ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ရေကြီး မြေပြိုမှုများကြောင့် လူတစ်ဦး ပျောက်ဆုံးနေပြီး ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ အချို့ဒေသများ တွင် လမ်းတံတားများ ပျက်စီးခဲ့၍ ပို့ဆောင်ရေး လုပ်ငန်းများ ခက်ခဲနေကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြား ခဲ့သည်။
ဧပြီလ ၂၇ ရက်တွင် ပြည်နယ် အတွင်းရှိ နေအိမ် ၁၀၀ ကျော် ရေမြှုပ်ခဲ့ပြီး လူပေါင်း များစွာ နေအိမ် စွန့်ခွာ ခဲ့ရကာ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် ခိုလှုံ နေရကြောင်း ၎င်းက ပြောကြား ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ (Xinhua)