Connect with us

Asia

ကမ္ဘောဒီးယားတွင် ထရပ်ကား တိမ်းမှောက်မှုကြောင့် စက်ရုံလုပ်သား ၅၇ ဦး ဒဏ်ရာ ရရှိ

ကမ္ဘောဒီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှု တစ်ခုအား တွေ့ရစဉ်- (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ အနောက်တောင်ပိုင်း Kampong Speu ပြည်နယ်တွင် ဧပြီလ ၂၇ ရက် နံနက်ပိုင်း က ထရပ်ကား တစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ စက်ရုံ လုပ်သား အနည်းဆုံး ၅၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် Oudong ဒေသ ရဲအရာရှိ Khim Samon က ထရပ်ကား၏ နောက်ဘက် တာယာဘီး ပေါက်ပြီးနောက် တိမ်းမှောက်ခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက ထရပ်ကားသည် Kampong Chhnang ပြည်နယ် အနီးရှိ အားကစား ဖိနပ် စက်ရုံများမှ စက်ရုံ လုပ်သား စုစုပေါင်း ၇၅ ဦးကို သယ်ဆောင်လာပြီး နံနက် ၆း၁၀ နာရီတွင် တိမ်းမှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ထရပ်ကား တိမ်းမှောက်မှုကြောင့် အမျိုးသမီး အလုပ်သမား ၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၆ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း ပြောကြားခဲ့သည်။

ယာဉ် မတော်တဆ ဖြစ်ပွားပြီးနောက် ကားမောင်းသူ အား ထိန်းသိမ်း ထားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် လတွင်လည်း အလုပ်သမားများ တင်ဆောင်လာသည့် ထရပ်ကားနှင့် ကုန်တင်ကားတစ်စီး တိုက်မိ ခဲ့မှုကြောင့် ကားဒရိုင်ဘာ နှင့် အထည်ချုပ်အလုပ်သမား ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.