Connect with us

Asia

အာကာသ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တောင်ကိုရီးယားနှင့် အမေရိကန် လက်မှတ်ရေးထိုး

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ယွန်ဗြန်စီးနှင့် အမေရိကန် သံအမတ် မာ့ခ် လစ်ပတ်တို့ သဘော တူလက်မှတ်ရေးထိုး အပြီး လက်ဆွဲ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆိုးလ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက် အာကာသ အပြင်ဘက် ပူးတွဲ စူးစမ်း ရှာဖွေမှုနှင့် အသုံးပြုမှု ဆိုင်ရာ အာကာသ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှုအား တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့က ဧပြီလ ၂၇ ရက်က လက်မှတ် ရေးထိုးလိုက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သုံးရက်ကြာ ပြုလုပ်မည့် ဒုတိယ အကြိမ်မြောက် တောင်ကိုရီးယား- အမေရိကန် အများပြည်သူ ဆိုင်ရာ အာကာသ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်နေစဉ် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ယွန် ဗြန်စီးနှင့် တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် မာ့ခ် လစ်ပတ် တို့က တရားဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားသည် အမေရိကန်နှင့် အာကာသ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ လက်မှတ်ရေးထိုး ခဲ့သည့် ပထမဆုံး အာရှနိုင်ငံလည်း ဖြစ်သည်။ ဤ သဘောတူညီချက်သည် လွှတ်တော်က အတည်ပြုပြီးပါက အကျိုး သက်ရောက်မှု ရှိလာမည် ဖြစ်သည်။
၂၀၁၀ ခုနှစ် ကတည်းက တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့သည် အာကာသ ပူးပေါင်း ဆောင်ရွက်မှုအ ကြောင်း စတင် ပြောဆိုခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလ၌ ပြုလုပ်ခဲ့သည့် ထိပ်သီး အစည်းအဝေး တစ်ခုတွင် တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေးနှင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားတို့ က ပူးပေါင်းဆောင် ရွက်မှု အဆင့်မြှင့်တင်ရန် ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.