Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် အင်အား ၅.၉ ရှိသော နောက်ဆက်တွဲငလျင်လှုပ်

ငလျင်လှုပ်ခါမှု ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် နိုဝင်ဘာ ၁၄ ရက် ညသန်းခေါင်ယံအချိန်မတိုင်မီက ပြင်းအား ၇.၀ ပမာဏရှိသော  အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များစွာ လှုပ်ရှားခဲ့ကြောင်း အင်ဒိုနီးရှား မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်း ပြောကြားချက်အရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း North Maluku ပြည်နယ်တွင် နိုဝင်ဘာ ၁၅ ရက် အစောပိုင်းက အင်အား ၅.၉ ရှိသော နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောခဲ့သည်။

အဆိုပါ နောက်ဆက်တွဲငလျင်မှာ ဒေသစံတော်ချိန် နံနက် ၈:၁၇ နာရီက နိုင်ငံ အနောက်မြောက်ပိုင်း ဟဲလ်မာဟီရာပြည်နယ်မှ ၁၄၀ ကီလိုမီတာအကွာ၊ ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုကို အနီးဝန်းကျင်ရှိ မြောက် ဆူလာဝီစီပြည်နယ်တွင်လည်း ခံစားခဲ့ရကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.