Connect with us

Asia

ထိုင်းလေတပ်က F-5 TH တိုက်လေယာဉ် ၁၄ စင်းနှင့် UAVs ၁၇ စင်း တပ်ဖြန့်ထား

အဆင့်မြှင့်တင်ထားသည့် F-5 တိုက်လေယာဉ်များနှင့် U-1 မောင်းသူမဲ့လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ လေတပ်က F-5 TH တိုက်လေယာဉ် ၁၄ စင်းနှင့် U-1 မောင်းသူမဲ့လေယာဉ် (UAV) ၁၇ စင်း ပါဝင်သော လေယာဉ်အုပ်စုတစ်စု တပ်ဖြန့်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့ ဒွန်မောင်းနယ်မြေရှိ Air Wing 6 တွင် အဆင့်မြှင့်တင်ထားသည့် F-5 တိုက်လေယာဉ်များနှင့် U-1 မောင်းသူမဲ့လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားအား နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့ရာ လေတပ်အကြီးအကဲ ACM Manat Wongwat က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။

လေယာဉ် အီလက်ထရောနစ်နည်းပညာ၊ တိကျသောလမ်းညွှန်မှုနှင့် တာဝေးပစ် ဒုံးကျည်စနစ်များ အဆင့်မြှင့်တင်ကာ တပ်ဆင်ထားသည့် တိုက်လေယာဉ်အုပ်စုသစ်ကို ထိုင်းလေတပ်က အဓိက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ACM Manat က ပြောသည်။

F-5 TH တိုက်လေယာဉ်များကို အဆင့်မြှင့်တင်ခဲ့ပြီး ၁၅ နှစ်တာ တပ်ဖြန့်အသုံးပြုရန် ပြုပြင်မွမ်းမံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

ထို့ပြင် UAV လေယာဉ် ၁၇ စင်းကိုလည်း အလျင်အမြန် တပ်ဖြန့်အသုံးပြုနိုင်ရန် လေတပ်က ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)