Asia
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် သင်္ဘောမီးလောင်၊ အနည်းဆုံး လူ ၃ ဦး သေဆုံး၊ ၁၆၀ ကျော် ပျောက်ဆုံး

ဂျကာတာ၊ မေ ၂၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၊ ဂျာဗားကျွန်း အရှေ့ပိုင်း ရေပြင်တွင် မေလ ၁၉ ရက် ညနေပိုင်းက သင်္ဘော တစ်စီး မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၁၆၈ ဦးခန့် ပျောက်ဆုံးလျက်ရှိကြောင်း ကယ်ဆယ်ရေးသမားများက မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
Mutiara Sentosa သင်္ဘောသည် Sumenep ခရိုင် masalembo ပြည်နယ် ရေပိုင်နက် ပြင်ပ၌ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ မာဆုဒီက ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့် ပြောကြားခဲ့သည်။
သတင်းပေါင်းများစွာအရ လူပေါင်း ၁၁၀ ဝန်းကျင်အား ဘေးကင်းစွာ ကယ်ဆယ်ပြီး ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ယင်းအချက်ကို မာဆူဒီက ငြင်းဆိုထားသည်။
“သတင်းတွေက မှားနေပါတယ်၊ လူ ၃ ယောက်က သေဆုံးပြီး ၇ ယောက်ကိုပဲ ကယ်ဆယ်နိုင်ပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ရဟတ်ယာဉ် နှစ်စင်း၊ သင်္ဘောများနှင့် ကယ်ဆယ်ရေးဝန်ထမ်း ၂၀၀ ကျော်တို့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)