Connect with us

Asia

ဂျပန် ဘုရင် ထီးနန်းစွန့်ရေး မူကြမ်း အစိုးရအဖွဲ့ ခွင့်ပြု

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ၀ိဇ္ဖာတွဲနှင့် သိပ္ပံတွဲ သင်ယူမှု ဟန်ချက် မညီမျှခြင်း မေးခွန်းအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖြေကြားနေစဉ် (ဆင်ဟွာ)

တိုကျို၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဘုရင်မင်းမြတ် အာကီဟိတို (Akihito) က ထီးနန်းစွန့်ခြင်းနှင့် တော်ဝင် လုပ်ငန်းတာဝန်များအား အိမ်ရှေ့မင်းသား နာရူဟိတို (Naruhito) ထံ လွှဲပြောင်းပေးအပ်ခွင့် မူကြမ်းအား ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရအဖွဲ့က မေလ ၁၉ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ဘုရင် အာကီဟိတို၏ ထီးနန်းစွန့်ခြင်းသည် နှစ်ပေါင်း ၂၀၀ အတွင်း ဂျပန် ဧကရာဇ် တစ်ဦး၏ ပထမဆုံးအကြိမ် ထီးနန်းစွန့်ခြင်းလည်း ဖြစ်သည်။ ဘုရင် အာကီဟိတို၏ ထီးနန်းစွန့်မည့် ကာလများအဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကို သတ်မှတ်ထားရှိရန် အစိုးရအဖွဲ့က စဉ်းစားထားကြောင်း သိရသည်။

ဂျပန် ဘုရင်မင်းမြတ်၏ ထီးနန်းစံနေသရွေ့ ကြာရှည်မည့် နိုင်ငံ၏အခေါ်အရ Gengo အမည်ရှိ ခေတ်ကို ၂၀၁၉ ခုနှစ် အစတွင် ပြောင်းလဲနိုင်လိမ့်မည် ဖြစ်သည်။ ယခုလို ထီးနန်းစွန့်ခြင်း မူကြမ်းကို လက်ရှိ ဘုရင်က ၎င်း၏ သဘောဆန္ဒအလျောက် ရေးသား တင်သွင်းခြင်း ဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် ထိုသို့ ထီးနန်းစွန့်ခြင်းမျိုး ဖြစ်ပွားရန် မလိုလားကြောင်း သိရသည်။ အဆိုပါ မူကြမ်းအား မေလ ၁၉ ရက် ညနေပိုင်း ပုံမှန် အစည်းအဝေး၌ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇွန်လလယ်တွင် ပြုလုပ်မည့် အစိုးရအဖွဲ့ ပုံမှန် အစည်းအဝေး အပြီး၌ အကျိုး သက်ရောက်မှု ရှိမည် ဖြစ်သည်။ ပြီးခဲ့သည့် နှစ် သြဂုတ်လတွင် ဘုရင် အာကီဟိတိုသည် အများပြည်သူအား ထုတ်လွှင့်ပြသသည့် ရှားပါးသော ရုပ်သံ မိန့်ခွန်းတစ်ရပ်တွင် ၎င်းအနေဖြင့် အသက်အရွယ်ကြီးရင့်ခြင်းနှင့် ကျန်းမာရေး အခြေအနေ အားနည်းခြင်းကြောင့် တော်ဝင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန် ခက်ခဲလာသဖြင့် ထီးနန်းစွန့်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.