Asia
အင်ဒိုနီးရှားနိုင်ငံ ၌ ဆေးခြောက် စိုက်ခင်း ၁၈၉ ဟက်တာအား ရှင်းလင်းဖျက်ဆီး

အာချေး၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် ဧပြီလ ၁ ရက် က ဆေးခြောက် စိုက်ခင်း ၁၈၉ ဟက်တာအား အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့က ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဆေးခြောက် စိုက်ခင်း ၁၈၉ ဟက်တာ၏ အချို့ နေရာများသည် ဆေးခြောက်ပင် ၇၅၀၀၀ (သို့) မူးယစ်ဆေးဝါး တန်ချိန် ၅၇၉ တန် ထုတ်လုပ်နိုင်စွမ်းရှိပြီး အာချေးပြည်နယ်ရှိ နေရာဒေသပေါင်း ၂၃ ခုသို့ ဖြန့်ဖြူးလျက် ရှိကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်ရှိ အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေ များရှိသည့် နိုင်ငံများ အနက် တစ်ခုအပါအဝင် ဖြစ်ပြီး တားမြစ် ထိန်းချုပ်ထားသည့် မူးယစ်ဆေးဝါး ၅ ဂရမ် အထက် မှောင်ခိုပြုလုပ် သူများ အား သေဒဏ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ (Xinhua)