Connect with us

Asia

ပါကစ္စတန်တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုရာမှ ၄၉ ဦးသေဆုံး

ရေလွှမ်းမိုးခံရပြီးနောက် ပါကစ္စတန်နိုင်ငံအဝေးပြေးလမ်းမပေါ်တွင် ခရီးသွားများပိတ်မိနေပုံအား တွေ့ရစဉ်( ဆင်ဟွာ )

အစ္စလမ်မာဘတ် ၊ ဧပြီ ၄ ရက် ( ဆင်ဟွာ )

ပါကစ္စတန်နိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဧပြီလ ၃ရက်က ၂၄ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၄၉ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ပြည်တွင်းမီဒီယာ နှင့် တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ရေကြီးမှုများသည် နိုင်ငံမြောက်ပိုင်း Gilgit Baltistan ပြည်နယ် ၊ နိုင်ငံအနောက်မြောက်ပိုင်း Khyber Pakhtunkhwa ( KPK ) ပြည်နယ် နှင့် အရှေ့မြောက်ပိုင်း Kashmir ပြည်နယ်များတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ KPK ပြည်နယ် သဘာဝ ဘေးအန ္တရာယ်စီမံခန့်ခွဲရေးအာဏာ ပိုင်အဖွဲ့ကပြောကြားရာတွင် ၎င်းတို့ပြည်နယ်အတွင်း ရေကြီးမှုဖြစ်စဉ်တွင် သေဆုံးသူ ၃၇ ဦး ၊ ဒဏ်ရာရသူ ၂၇ ဦးရှိကြောင်း၊ အိမ်ပြိုမှု ဖြစ်စဉ် ၄၉ ခုနှင့် အခြားမြေပြိုမှု ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ရေကြီးမှုကြောင့် တံတားများ နှင့် လမ်းများလည်း ရေဖုံးလွှမ်းခဲ့ပြီး တစ်ချို့နေရာများစွာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ Gilgit Baltistan ပြည်နယ်တွင် ဒလကြမ်းစီးဆင်းနေသော ရေစီး နှင့် အတူမျောပါရာမှ လူ ၄ ဦးသေဆုံးပြီး ၊ ထိခိုက်ဒဏ်ရာရသူ တစ်ဒါ ဇင်းနီးပါးရှိသည်ဟု သိရသည်။ Karakorum အဝေးပြေးလမ်းမပေါ်တွင် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် Gilgit နှင့် Chilas ကြားတွင် ကားလမ်းပိတ်ဆို့ နေပြီးခရီးသည် ရာပေါင်းများစွာ ပိတ်မိနေသည်ဟု သတင်းများက ဆိုသည်။
ပါကစ္စတန် ဝန်ကြီးချုပ် နဝတ်ဒ်ရှာရစ် က ရေကြီးမှုအတွင်း အသက်သေဆုံး သွားရသူများအတွက် ဝန်နည်းကြေကွဲကြောင်း ဧပြီလ ၃ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။ ရေဘေးသင့် ဒုက္ခသည်များအတွက် လိုအပ်သော ဆေးဝါး ၊ အစားအစာ နှင့် ယာယီအမိုးအကာများကို ကူညီထောက်ပံ့ပေးနေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံး က သတင်းထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.