Connect with us

Asia

ကမ္ဘာ့အကြီးဆုံး ပန်းဆိုင်းကြီးအား စင်ကာပူ ပန်းဥယျာဉ် ပွဲတော် အကြိုပြသ

ကမ္ဘာ့အကြီးဆုံး ဖြစ်ဖွယ်ရှိသော ပန်းဆိုင်းကြီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

စင်ကာပူ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

လာမည့် စင်ကာပူ ပန်းဥယျာဉ် ပွဲတော်ရက် မတိုင်မီ ဧပြီလ ၁ ရက်က ကမ္ဘာ့အကြီးဆုံး ဖြစ်ဖွယ်ရှိသော ပန်းဆိုင်းကြီး တစ်ခုအား ပြသခဲ့ကြောင်း သိရသည်။

ပန်းပေါင်း ၆၀,၀၀၀ ဖြင့် ပြုလုပ်ထားသည့် ထိုပန်းဆိုင်းကြီးမှာ အမြင့် ၁၃ မီတာ၊ အရွယ်အစား ၁၇ မီတာနှင့် ၁၀ မီတာရှိပြီး ဧပြီလ ၃ ရက်နေ့ အထိ Marina Square Atrium ၌ ပြသထားမည် ဖြစ်သည်။ ယင်းပန်းဆိုင်းကြီးအား အမျိုးသား ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး လောရန့်စ် ဝန်နှင့် ကျောင်းသား ၂၆၀ ဦး၊ ဥယျာဉ်မှူးများ၊ စေတနာ့ ဝန်ထမ်း များနှင့် အမျိုးသား ဥယျာဉ် ဝန်ထမ်းများက ငါးရက်ကြာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စင်ကာပူ ပန်းဥယျာဉ် ပွဲတော်အား ၂၀၀၆ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်သည် ခြောက်ကြိမ်မြောက် အဖြစ် ကျင်းပခြင်း ဖြစ်ကာ ဇူလိုင်လ ၂၃ ရက်မှ ၃၁ ရက် အထိ ပြုလုပ်မည် ဖြစ်သည်။ စင်ကာပူ နိုင်ငံသားများ အကြား ပန်းဥယျာဉ်အား ချစ်မြတ်နိုးတတ်ရန်နှင့် ဥယျာဉ်နှင့် အတူ မြို့လေး တွဲဖက်ပုံဖော် ဖန်တီးခြင်းအား လူမှု အသိုက်အဝန်း အတွင်း လှုံ့ဆော်သည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။
ဧပြီလ ၁ ရက်မှ မေလ ၂၈ ရက်အထိ Marina Square, Raffles Place Park နှင့် စင်ကာပူ ရုက္ခဗေဒ ဥယျာဉ် အပါအဝင် နေရာများစွာ၌ အပင်ပေါင်း ၈,၀၀၀ ကျော် စိုက်ပျိုးသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး လီလီပန်းနှင့် ရွက် လှပန်းမျိုးစုံ အပါအဝင် စိုက်ပျိုးမည့် မျိုးစေ့များကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း လေ့လာသူများသည် အပူပိုင်းဒေသတွင် ဥယျာဉ်စိုက်ပျိုးခြင်း အတတ်နှင့် ပန်းနှင့်ဆိုင်သော အနုပညာများအား လေ့လာနိုင်မည် ဖြစ်သည်။ ယခုနှစ်ပြုလုပ်မည့် ပြပွဲမှာ အကျယ် ၉.၇ ဟက်တာ ကျယ်ဝန်းမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ၅ ဟက်တာ သာ ကျယ်ဝန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.